၁။
ရဲတင်းမှုမျက်နှာတွေအောက်က ရွက်ကြွေတွေ
ရွက်ကြွေမျက်နှာတွေအောက်က ရဲတင်းမှု
၂။
တစ်ခုကိုတစ်ခု ဖုံးမရ စိတ်ရူးတွေပွထမွဆာ
ဖိမရ ရွက်ကြွေတွေကြွနေတဲ့ မျက်နှာတွေ
ထိမရ မျက်နှာတွေကြွနေတဲ့ ရွက်ကြွေတွေ
၃။
တစ်ယောက်စီဟာ ပစ်မှတ်ပဲလေ
အရွယ်နဲ့မမျှတဲ့ သွေးပြန်ကြောကြီးတွေ
အရွယ်နဲ့ရတဲ့ သွေးလွှတ်ကြောကြီးတွေ
တားမြစ်သွေးတွေ ထောင်းလမောင်းထလို့
၎။
တစ်ယောက်ချင်းစီဟာ စစ်တလင်းပြင်ဆုံမှတ်
အလင်းတွေလွှတ်နေတဲ့
အလင်းတွေဖောက်နေတဲ့ သလင်းကျောက်
၅။
တပေါင်းနဲ့ဓမ္မဆုံစည်းရာမှာ
(ရာဘာကျည်ဟာ လူအုပ်ကြားထဲ ကွေ့ဝိုက်သွားပြီး
စိုက်ထိရာမှာ ဆုံးသွားတယ်)
ရှင်ခြင်းနဲ့သေခြင်းဟာ တစ်ထပ်တည်း ဖြစ်သွားတယ်
၆။
တစ်ယောက်စီဟာ အစုအဝေးထဲမှာ
တစ်မှုန်စီဟာ အုံထဲမှာ
သံလိုက်စက်ကွင်းသမိုင်းရဲ့ လမိုင်းကပ်ထ
မှော်ဓာတ်တွေ တဖျဉ်းဖျဉ်းကြွလို့
၇။
မီးခိုးဗုံး မျက်ရည်ယိုဗုံး အသံဗုံးတွေကြား
(ကိုချောရေ မြင်စေ့ချင်တယ်)
စုန်းတွေတောက်စားလို့
၈။
ဘယ်ဒူးကွေးပြီး ညာဒူးဆန့်
နေ့ညနွားသိုးကို ဂျိုကနေကိုင်ပြီး တွန်းထုတ်လို့
၉။
နတ်ရေကန်ထဲက ဆွဲထုတ်လိုက်သည့်အလား
ပျိုရွယ်မှုများ
အရှိတရားအသစ်တွေရဲ့ ဝိညာဉ်အုပ်ချပ်များ
အလုပ်ကို တဂျောင်းဂျောင်းလုပ်နေကြတဲ့ အဆုတ်များ
လောကဓံကို မမှုကြတဲ့ လောကပါလအနှစ်သား
အရပ်သူအရပ်သားဘဝတွေက
ဟုန်းကြွလာကြတဲ့
နတ်သူနတ်သားများ …..
ဇယလ
၁၃ မတ်၊ ဏာသိမ်း ‘၂၁
(ဖုန်းမော်နေ့သို့)