ပြည်သူ့ဥပေက္ခာပြုခံ ဒလံနိုင်ငံရေးပါတီတွေဟာ
အကြွင်းအကျန်အရိုးလေးကိုက်ရဖို့
ရွေးကောက်ပွဲသစ်ကို အူပြီးတောင်းဆိုကြတယ်လေ
စစ်အာဏာရှင် အလိုမရှိ
ဖင်ခံလို့ကြဉ်ခံရ ကြဉ်ခံရလို့ထပ်ဖင်ခံ သံသရာဟာ ဖင်မှာလည်လို့
စစ်အာဏာရှင် အလိုမရှိ
ထိုင်တော်မူဆင်းတုတော်ပေါ် တက်ခွတဲ့ကိုယ်လုံးတီးမ ဒင်းတို့ရွှေချ ကိုးကွယ်ကြ မသာတို့ရဲ့သာသနာ
စစ်အာဏာရှင် အလိုမရှိ
ခရီးသွားကျည်ဟာ လူငယ်ခေါင်းထဲဝင်ရောက်ပြီး အမှတ်တရအဓမ္မဆယ်လ်ဖီရိုက်သွားတယ်
စစ်အာဏာရှင် အလိုမရှိ
သေနာတွေဟာ ရောက်ရာအရပ်မှာ အကြောက်တရားတွေ ချကျွေးတယ်
စစ်အာဏာရှင် အလိုမရှိ
ပြည်သူ့သွေးကို ဥပဒေနဲ့ ဆေးလို့မရဘူး
စစ်အာဏာရှင် အလိုမရှိ
“အမေ၊ သား…မရတော့ဘူး။”
စစ်အာဏာရှင် အလိုမရှိ
‘အများပြည်သူ လုံခြုံရေးအတွက်’ လက်နက်မဲ့သူ ပစ်သတ်ခံရ
စစ်အာဏာရှင် အလိုမရှိ
မျက်ရည်ယိုဗုံး၊အသံဗုံး၊ရာဘာကျည်ဆံ၊အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်
စစ်အာဏာရှင် အလိုမရှိ
မျက်စိထဲကြိန်းစပ်နေတာ ပြန်သတ်ချင်တဲ့
ပြည်သူ့ေ ဒေါသ
စစ်အာဏာရှင် အလိုမရှ
သေနတ်ဒဏ်ရာ ဝမ်းဗိုက်မှာ နိုင်ငံတော်ကို ဆွဲယူပြေးကြ
စစ်အာဏာရှင် အလိုမရှိ
ဖိနပ်ကောင်းကောင်းစီးရဖို့၊ အိပ်ရေးဝဝအိပ်ရဖို့၊ ချစ်သူချင်းချင်း နှုတ်ခမ်းချင်း စုပ်နမ်းနေရဖို့
စစ်အာဏာရှင် အလိုမရှိ
အမှောင်ရဲ့ဝမ်းထဲမှာ အလင်းဟာ ဗီဇစိတ်
စစ်အာဏာရှင် အလိုမရှိ
ပြည်သူပြေးလို့ ခွေးလိုက်ဆွဲ
ခွေးလိုဆွဲလို့ ပြည်သူပြေး
မင့်အမေလင် ဂျာအေး ဂျာအေး
စစ်အာဏာရှင် အလိုမရှိ
ခုနလေးတင် ကြွေးကြော်နေတာ
အခုတင်ပဲ ကျည်ခကျရှာ
ပြည်သူ့သွေးနဲ့ ရေးတဲ့ကဗျာ
စစ်အာဏာရှင် အလိုမရှိ။ ။
ဇယလ
၁ မတ်၊ ဏာသိမ်း ‘၂၁