တပ်ရဲ့ သွေးညှီသွေးပုပ်တွေ
ဒို့မြို့လည်မှာ လာသွန်သွားတယ်
လူမဖြစ်သေးတဲ့ တပ်ချေးစား
ရွံစရာ နာနာဘာဝတွေ
လက်လည်းလက်မခံ ဆက်လည်းမဆက်ဆံ
သန့်စင်ကြော့မော့တဲ့ ဒို့တွေအပေါ်
ဒင်းတို့နံစော်အရိပ်တောင် အကျခံဖို့မတန်ဘူး
သိက္ခာကုန်လို့
မိစ္ဆာတွေထုတ်သုံးလာပြီလေ
အောက်လမ်းသွေးနဲ့ ဆေးမယ်ပေါ့
ရှောင်လိုက်တော့ ဒီကနေ့
ဒီအ,မင်္ဂလာနေရာက ထွက်ခွာ
မဟာရည်ရွယ်ချက်အတွက် ဗျူဟာလှည့်ကွက်ပြရမယ်
ရွေ့ကြမယ်ဟေ့ အရိယာများ
သတ်ကုန်းမှာ ခေါင်းပြတ်တွေနဲ့
မကျွတ်သေးတဲ့ ဝိဥာဉ်သောင်းကြမ်းတွေကို
ကမ္ဘာကုန်သရွေ့မကျွတ်စတမ်း
လမ်းပေါ်မှာကျိန်စာကြမ်းသာ ထပ်တိုက်ထားခဲ့တော့
ထိပ်တိုက်တွေ့ဖို့ကတော့ ကံချင်းနာမ်ချင်းမတန်
သန့်ရှင်းတဲ့အရပ်ထံရွေ့လျား
အရပ်ပြောင်းတာ နောက်ဆုတ်တာမဟုတ်ဘူး
နေရာမှ ရုတ်တာ အရှုံးပေးတာမဟုတ်ဘူး
ဥာဏ်ကစားရတဲ့ power-play မို့
Our Day ဟာ ရောက်ရှိရမှာ
သေချာတယ်လေ
သွေးထဲကကြွေးကြော်နေတာ
ဘာတဲ့လဲဟေ့….
အရေးတော်ပုံ အောင်ရမည်
အောင်ရမည်
အောင်ရမည်
အရေးတော်ပုံအောင်ရမည်။ ။
ဇယလ
၂၅ ဖေ၊ ဏာသိမ်း’၂၁