၁။ ။ ကောင်းကင်မှာ နေလမ်းကြောင်းကို ခဲနဲ့ဆွဲထားတယ်။
၂။ ။ ရက်စွဲတွေဟာ ရက်တွေမှာ စွဲလို့မနေဘူး။
၃။ ။ လိုတာမရရင် မလိုတာရလိမ့်မယ်။
၎။ ။ လက်နက်နဲ့ ကျားကန်ထားတဲ့ စကားတွေဟာ မှန်ကောင်းမှန်တတ်တယ်။
၅။ ။ စကားလုံးတွေရဲ့အဓိပ္ပါယ်တွေကို ပြောင်းလိုက်လို့ရတယ်။
၆။ ။ လူဟာ တစ်သက်မှာ တခါတလေနေရတယ်။
ဇယလ
၁၉ ဖေ ဏာသိမ်း’၂၁