သွေးဟာ စကားပြောတယ်
သွေးဟာ ယုံစရာဖြစ်ပြီး စကားတွေဟာ ဘယ်လောက်ပဲ
တောင်လိုပုံပစေ သွေးလို စကားမပြောတတ်ဘူး
စကားဟာ သွေးကို ထွက်ကျစေပေမယ့်
စကားဟာ သွေးလို စကားမပြောဘူး
ပျော်ရွှင်ခြင်းအရောင်တွေဟာ
ဝမ်းနည်းခြင်းသံစဉ်မှာ သံချေးလိုစွဲကပ်
ဆန္ဒရဲ့ပေါင်ကြားထဲ ပိုင်ဆိုင်မှုကို ရိုက်သွင်းထားချင်တာ
အနားတစ်ဖက်လပ်တြိဂံထဲ
ရာသီသွေးရဲ့ အရှင်လတ်လတ် ခက်ဆစ်အဓိပ္ပါယ်
မိုးကြိုးပစ်မယ့်စွန်ကို
ကလေးဟာ ကပ်နေတဲ့ အရိပ်မည်းကြီးထဲ မြူးတူးလို့
သွေးဟာ စကားပြောတယ်
စကားသာ သိနိုင်ရင်ပေါ့
မွန်းတည့်ချိန်ကောင်းကင်မှာ
နေဟာ ထွက်မလာပြန်ဘူး
သွေးဖတ်ဟာ ပြစ်ကနဲ စူးစူးဝါးဝါး ခေါင်းတထောင်ထောင်နဲ့
စကားတွေ
လ,သေထဲကနေ ပြောပြောပြောနေတယ်
ဇယလ
၂၆ ဇန် ကိုဗစ်၂၁