အင်္ဂလိပ်စာသင်ကြားရေးနဲ့ ကဗျာပေါ် စွဲလမ်းပြီး ပြောချင်ခဲ့တာတွေဟာ အတိတ်ဘဝဆုတောင်း မှားလေခဲ့သလား…. သိစရာမလိုပဲ ဖြစ်နေကြတဲ့ သမိုင်း – ယဉ်ကျေးမှု – ကဗျာမှုမှာ ကျနော်အမှိုက်ဖွမိတာလား… တောင်းပန်ဖို့ကလည်း ဘဝနဲ့ချီနောက်ကျခဲ့ပြီး ဝဋ်မကုန်သေးလို့ ဆက်လုပ်ရဦးမှာပဲ ထင်ပါတယ်…. အမှန်အတိုင်းပြောရရင် ကျနော်အမှန်တကယ် ပင်ပန်းနေရပါပြီ…. ကဗျာကြောင့် ငွေကြေးအားဖြင့်လည်း ငွေရာမဝင်ခဲ့ရပါဘူး… ဆဲစကားတွေ မဟုတ်ရင် မကောင်းတတ်လို့နှမ်းဖြူးစကားတွေပဲ ကြားခဲ့ရပါတယ်… ပသို့ဆိုစေလေဆိုပြီး ဆက်လုပ်နေခဲ့ခြင်းသာ ဖြစ်ပါတယ်…. ၂၀၂၁မှာ အကယ်၍ နှစ်ကာလများက ‘၂၀ – ၂၁ အမေရိကန် ကွန်တမ်ပရီကဗျာ’ရယ် ‘ဆူရီယလ်မိုးကောင်းကင်’ရယ် the key collection က ‘အိုရှင်န် ဗူအေားဝ်င်း’ကို အကယ်၍ထုတ်ဖြစ်ခဲ့ရင် ကျေးဇူးတင်စွာနဲ့ နားလိုက်ဦးမယ်လို့ ထင်ပါတယ်… ဗြိတိသျှ ဆူရီယ်လ်ကဗျာဆရာ ဒေးဗစ်ဒ် ဂက်စ်ကွိုင်းန် အယ်မ်ဖက်တမင်းန်အစွဲနဲ့ စိတ်ဓာတ်ကျရောဂါကြောင့် စိတ်ကျန်းမာရေးဆေးရုံ (အရူးထောင်) ရောက်နေတုန်း ဆရာမတစ်ယောက်က လူနာတွေကို ကဲ လာလာ ကဗျာတစ်ပုဒ် ရွတ်ပြမယ်ဆိုပြီး ရွတ်ပြလိုက်တာ ဘေးက ဒေးဗစ်ဒ် ဂက်စ်ကွိုင်းန်က အဲဒါကျနော်ရေးခဲ့တာလို့ပြောတော့ ဆရာမက လူနာတစ်ယောက်လိုပဲ ဆက်ဆံပြီး အင်းပေါ့ အင်းပေါ့ ဟုတ်ပါတယ်လေလို့ နှစ်သိမ့်သံနဲ့ ချော့လိုက်တယ်… အခြားအရပ်ဒေသမှာဆို ကျနော်လူတစ်မျိုးပေါ့… ဒါဆိုထွက်သွား ဆိုရင်လည်း ထွက်သွားရမှာပါပဲလေ… ကဗျာမှာ နေစရာမရှိတဲ့ ခြေသလုံးအိမ်တိုင်တို့ရဲ့ စိတ်တွင်းဘဝ သိနေရပါပြီလေ… ချစ်သောကိုခင်ဝမ်းရဲ့ ‘ကျနော်သွားတော့မယ်’ကို နှလုံးသည်းပွတ်အထိ နားလည်ခဲ့ရသလိုပါလေ…. an exile in my home country… ကြိုးစားခဲ့ပါတယ်… သိကြပါစေတော့ရယ်လို့… ရေခံမြေခံနဲ့ သိခြင်းဟာ သဟဇာတ ဖြစ်ချင်မှဖြစ်မယ်ဆိုတာ နားလည်သဘောပိုက်ရင်း…. ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ယန်းပေါလ်ဆာ့တ်ရ်ကို အမှုဖွင့်ခဲ့တယ်… လူငယ်လေးတစ်ယောက်ကို ဂျာမန်နာဇီလက်ထဲ သေစေခဲ့မှုနဲ့.. အဲဒီကောင်လေးဟာ မျက်မမြင်မိခင်အိုကို ကြည့်ရှုစောင့်ရှောက်နေရချိန်မှာ ဘာလို့ ပြင်သစ်မြေအောက်ဆက်သွယ်ရေး လုပ်ခိုင်းခဲ့တာလဲတဲ့… ဆာ့တ်ရ်ပြောတယ်… သူအရွယ်ရောက်ပြီ သူ့စိတ်နဲ့သု့ဘဝ လွတ်လပ်စွာထူထောင်ခွင့်ရှိပြီ မိသားစုတာဝန်ရှိတယ်နော်လို့ ပြောတော့ နာဇီအောက်က လွတ်မြောက်ရင် မိသားစုများစွာအတွက် အကျိုးရှိမယ်လို့ သူယုံကြည်စွာပြောခဲ့လို့ တာဝန်ပေးခဲ့ရတာပါတဲ့… သူ့စက်ဘီးကလေးနဲ့ သတင်းပို့ဖို့သွားရင်းဖမ်းဆီးခံခဲ့ရပြီး ပစ်သတ်ခံခဲ့ရပါတယ်… ကျနော်ဟာ သူနင်းခဲ့တဲ့ စက်ဘီးလေးရယ်ပါ
ဇယလ
၃ ဇန် ကိုဗစ်၂၁