ဒေါ်နလ်ဒ်တော့ဒေါ်နလ်ဒ်ပဲ
ဘာသဲလ်မ်းလား ဘာသလ်မီလားဟာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်ရင်း မျောလွင့်နေသူဘေးက
လိုက်ပါလာကြတဲ့ စိတ်ပေကလပ်နာမ်ရုပ်စပ်တွေ
အမြတ်အသစ် အသံတိတ်လျှပ်ပြက်ခြင်း အိပ်မက်-ရဲတိုက်
ဓားသမားပစ်ပေါက်လိုက်တဲ့ ဖြောင့်ဖြောင့်မတ်မတ်
အချစ်ကြောင့် ခေါင်းပေါ်ကပန်းသီးဟာ
ဥယျာဉ်တော်လမ်းကို နှစ်ခြမ်းဟလိုက်ပြီး
အရည်ရွှမ်းသောအစေ့ကို နေရောင်ထဲ ဖော်ပြလိုက်တယ်
လိမ္မော်ရောင်ခြောင်းခြောက်ပေါ် မျက်လုံး
တစ်ဘက်နိုးလာသူအမည်သည် ဒေါ်နလ်ဒ်ဖြစ်အံ့
ကွယ်ပျောက်သွားသော ဘာသာစကားများထံမှ
သဘောထားကြေညာချက် ရယူရန်
မျက်နှာတစ်ခြမ်းသည် အမှောင်ထဲ ကြိတ်ငို၍
အခြားတစ်ခြမ်းသည် မုန်တိုင်းထဲ စွန်လွှတ်နေ၏
နေရောင်ထဲ၌ အရာရာသည် တွန့်လိမ်လို့နေ၏
ဇယလ
၂ ဇန် ကိုဗစ်၂၁