အိပ်လိုက်ရမှာထက် အိပ်စက်ခြင်းရဲ့
လမ်းခုလပ် မင်းရဲ့ တိုးလျှိုပေါက်ပေါင်တံနှစ်ဘက်ကြား
လေကြိုးဆွဲသစ်ရွက်အရှင်နဲ့
ကြောင်ကလေး ခုန်ပေါက်ဆော့ကစား
နာရီသည်တွေ
နယ်ခြားသွား
အေးစက်သံတိုင်အိပ်စက်ထက်
နေရောင်တွေ ကူးခပ်ကြတဲ့
မင်းရဲ့ဝမ်းဗိုက်သားနဲ့ စိတ်တစ်ခတ်စာ ရင်သားနုနုဥဥလေးတွေ
လေဟုန်စီးကြတဲ့ ပင့်သက်ပုရွက်နီ
တစ်လွှာသားထဲ နှစ်မျှင်ရက်ရှယ် သစ်သီးဖူးဖူး စူးစူးစိမ်းစိမ်း
မှော်ရည်လိမ်းလို့
ဒီမှာ
သံသရာအတိုင်း လုံးဝန်းနေတဲ့
ကိုယ့်မျက်လုံးတွေ ဖြုတ်လိုက်တယ်
မနက်မိုးလင်းမှာကို ထပ်ခိုးတလျှောက်
ဇယ်တောက်တမ်း ကစားကြမယ်
မင်းရဲ့ စိုမျှဉ်းစမ်းစိမ့်ဝတ်ရည်ထဲ
ဇယလ
၂၇ ဒီ ကိုဗစ်၂၀