ဒီနေ့ခေါင်းလျှော်မယ်ဆိုပြီး
ကြယ်မိုးလည်းကြွေစရာ ကျိန်းကျေခဲ့သလား ကျမ်းကျိန်ရာမှာ ကျိန်စာတိုက်ကြမ်းတမ်း လေလွင့်ကြွပ်ကြွပ်အိပ်ကို လိုချင့်စဖွယ်သရဖူလား လမ်းဖြတ်ပြေးသွားတဲ့ အနာဂတ္တမင်းသားကလေးငယ်လေး နွမ်းခြင်းဝတ်ရုံနဲ့ပဲပွဲချင်းပြီး မူးရစ်နေဖို့ပဲလိုတယ် နတ္ထိအလှတရားသုညတ ရင်ထဲကရေခဲတောင်တောင်ပံတွေ ကန္တာရမှာပြုန်းတီးပပ်ကြားအက်ပါးဟက်တွေအငွေ့တထောင်းထောင်း လမ်းဘေးအမှိုက်ပုံးထဲ ကြွက်တစ်ခြမ်းစားဂီတရင်တစ်မွှာ ရေမွှာလည်းပေါက် တံတားတစ်စင်းရဲ့အစဟာပြူထွက်လာတယ် ပြက်ရယ်မပြုလိုက်ကြပါနဲ့ ရှင်ကောင်းသန်လှမရှိရှာပဲ ဝတ်ကောင်းစားလှလမ်းသလားလို့ လူရဲ့ပလူပျံသွေးတွေ အရိပ်မိုးပေးဖို့ခံစားချက်ရေတိမ်နစ် လေတိုးလို့ချိန်သီးလိုလှုပ်နေတဲ့ လှောင်အိမ်လွတ်ထဲကလေချွန်သံမှာ ကားတွေတဟုန်ထိုး ၈ထပ်တိုက်က လှေခါးထစ်အကွေ့ချောင်ကွယ်မှာ သူမပေါင်ကြားထဲ သူ့လက်ကိုပေးဝင်လိုက်တဲ့ အမှောင်ခြမ်းထံ မျက်လုံးတစ်ဘက်ဟာလင်းလို့ ခြေသံတွေပြုံဆင်းလာတဲ့အခိုက် ခိုအုပ်ဟာ မိုင်းတစ်လုံးကိုခွဲပြီး ထပျံသွားကြတယ် နေ့ရည်ထဲမှာ သုံးပြီးစွန့်ပစ်ပတ္တီးစတွေရဲ့ လက်တံတွေ
ဇယလ
၁၇ ဒီ ကိုဗစ်၂၀