အခါတစ်ပါး၌ ပုဂ္ဂလိကပိုင် ပန်းချီပြခန်းတစ်ခုမှာ အနုပညာ/ပန်းချီဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကျင်းပခဲ့တယ်။ ဂျေးကို စီစဉ်တဲ့ပွဲ။ နိုင်ငံခြားသားတွေလည်းပါတယ်။ ကိုအေးကို၊ ကိုပိုပို၊ ဒေါ်ချောအိသိန်းတို့လည်း ပါကြတယ်။အဲဒီမှာ အင်စတောလေးရှင်း/ပါဖောမန့်စ် အာ့တ် လုပ်ကြတော့ ကိုပိုပိုက ဘာလုပ်သလဲဆိုတော့ ပန်းချီပြခန်းရဲ့ နဲရံတစ်ခုရဲ့အောက်ခြေထဲ သံတစ်ချောင်း ရိုက်သွင်းပစ်လိုက်တယ်။ အဲဒီအချိန်မှာ ပြခန်းပိုင်ရှင် ဦးလေးနဲ့ဒေါ်ဒေါ်တို့ မျက်စိမျက်နှာပျက်ကြတာ သတိထားလိုက်မိတယ်။
အဲဒီမှာ အနုပညာဖန်တီးထုတ်လုပ်မှု နဲ့ နောက်ကွယ်က အင်စတီကျူးရှင်း (ဒီနေရာမှာဆို ပြခန်းပိုင်ရှင်၊ ပြခန်း၊ ရုပ်ပိုင်းဆိုင်ရာအကျိုးအမြတ်၊ နာမ်ပိုင်းဆိုင်ရာအကျိုးအမြတ်၊ စသည်ဖြင့်ပေါ့လေ) ကို ဖော်ပြလိုက်မှုတို့ကို ခွဲခွဲခြားခြား မြင်လိုက်ရတယ် (ကျနော့် အတ္တနောမတိ subjective view)။
အနုပညာဖန်တီးမှုနဲ့ ပြသမှု (ဝါ) အများပြည်သူထံ ချပြမှုနဲ့ နောက်ကွယ်က မမြင်ရတဲ့ အင်အားစု(တွေ) (အနုပညာပေါ်သဘောထား၊ အနုပညာပစ္စည်း/လက်ရာအဖြစ်သတ်မှတ်မှု၊ စံထားမှု၊ ဘေးဖယ်ထုတ်မှု၊ စသည်။)
ကိုပိုပိုရဲ့လုပ်ရပ်ကို ကွန်ဆက်ပချူရလ်လို့ ကျနော်မြင်တယ်။ ပေါလစ်တစ်ကလ် ‘ပါဝါစိုးမိုးမှုဆက်ဆံရေး’ကို ကျနော်မြင်တယ်။ anti-art လို့တောင် ပြောလို့ရမယ်လို့ ကျနော်ထင်တယ်။
ဒါမျိုးဟာ ကဗျာမှာကော ဘယ်လိုရှိသလဲ။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။
ဇယလ
၁၃ ဒီ ကိုဗစ်၂၀