ကျွန်းမျောအနာတွေရဲ့ ပုံတူ

အဓိပ္ပါယ်တွေဟာ ယင်းတို့ကိုယ်တိုင်ရဲ့ အခြားတွေ ဖြစ်ကုန်ကြတယ်။ ဒီညကိုယ်တိုင်ဟာ အခြားညတစ်ခု သူ့ထဲကပဲ ထွက်လာတာ။ သူ့ရင်ဝထဲ စိုက်ဝင်နေတဲ့ဓားကို အဖေဟာ ဆွဲနှုတ်ပြီး သူ့သွေးတွေရွှဲနေတဲ့ သွေးရဲသံရဲနဲ့ပဲ သူ့သားသမီးတွေကို ခုတ်ပိုင်းပစ်လိုက်တယ်။ သူ့ညရဲ့ သွေးစက်တွေဟာ သူ့ဖန်ခွက်ဘဝကွဲရှ မျက်လုံးတွေထဲက မဟနိုင်တဲ့စကားတွေကို အန်ထုတ်တယ်။ လိင်တံအာဏာကို ကူးစက်ရောဂါတစ်ခုလို သားတွေဆီဖြန့်ဖြူးတယ်။ တွန်းလှန်ရုန်းကန်မှုနွံတွင်းထဲက ရာသီသွေးစွန်းထင်းနေကြတဲ့ တန်ခိုးရှင်တွေ။ ကျွန်စနစ်ရဲ့လေနဲ့ အဆုပ်တွေဟာ အဖာတစ်ရာ ဖာတွေအဖြစ် ခုတ်မောင်းကြ။ ဖာအိမ်ကိုမီးရှို့ပြီး ဖုတ်တန်းတရားတွေ ဟောပြောကြ။ ဆင်ခြင်မှုကို ပြန်တိုက်တဲ့လေစိမ်းထံ သွေးစိမ်းရှင်ရှင် ရွက်လွှင့်ကြ။ နာမည်ပြောစမ်း၊ မင့်နာမည်ပြောစမ်း။ ငါ့စကားသံထဲ ဘယ်လိုဆေးလိပ်မီးတွေ တို့နေသလဲ။ ဘယ်လိုသေရာပါတွေကို ဘယ်လိုမွေးမြူထားရာတွေကနေ ဘယ်လိုသွေးသားတွေထဲ ထုတ်လွှတ်နေကြသလဲ။ မနက်မိုးမလင်းခင် ကြိုတင်ညစ်နွမ်းရတဲ့နေ့။ ကျောပေါ်ကျွေးထားတဲ့ ကြာပွတ်ရာတွေရဲ့ မျိုမကျစားတော်ပွဲ။ အမာရွတ်တွေရဲ့ဦးနှောက်။ သူ့ကိုသူ ကိုက်ဖဲ့စားသောက်နေတဲ့ နှလုံးသားမီးခိုးတွေရဲ့ သမာဓိသစ်သီးရဲ့ သဟဇာတသရဖူ။ တလူလူ။ တလွင့်လွင့်။ သေဖို့အသင့်။ မွေးဖို့အသင့်။

ဇယလ
၁၀ ဒီ ကိုဗစ်၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>