ရသစာပေ(ဝါ) အနုပညာ(ဝါ) ကဗျာသမိုင်းဟာ အလှတရားပေါ်လာခြင်း၊ ပျောက်ဆုံးသွားခြင်းနဲ့ ယခင်ထက်ပိုအင်အားရှိတဲ့ အလှတရားအသစ်ကို ရှာဖွေဖော်ထုတ် စမ်းသပ်ဖန်တီးမှုဖြစ်စဉ်ပဲ ဖြစ်တယ်။
အလှတရား Beauty ကို ဆရာဇော်ဂျီပြောတဲ့ ရသနှစ်သက်မှု လို့ နားလည်လို့ရတယ်။ ကဗျာကပေးတဲ့ အလှတရားဟာ ကဗျာရသတွေ့ကြုံခံစားမှု ဖြစ်တယ်။ ဒီကဗျာရသတွေ့ကြုံခံစားမှု poetic experience ကို ဖြစ်စေတာဟာ ကဗျာအတွေးနဲ့ ကဗျာသုံးတန်ဆာပလာ poetic devices ကြောင့်ဖြစ်တယ်။ ဥပမာ၊ အိုက်ဒီယာ ဗောလာရီညို Idea Volarinõ ရဲ့ ကဗျာထဲက
ခန္ဓာကိုယ်ဆိုတာ
သူ့သေခြင်းကို သူကိုယ်တိုင် ရွှမ်းမှည့်လာစေတဲ့
သစ်သီးဖြစ်တယ်။
တစ်ချိန်မှာ ဒီသေခြင်းတရားအကြောင်းကိုပဲ သူ့ခေတ်အသိ သူ့ခေတ်ရဲ့အာရုံခံစားပုံနဲ့ ပိုထိထိမိမိသိရတဲ့ ရေးဖွဲ့ပုံ၊ ရေးဟန်၊ နည်းနာတက္ကနိနဲ့ ဖန်တီးဖော်ကြူးလိမ့်မယ်။ အလှသစ်။
ကဗျာသမိုင်းဖြစ်စဉ်ကို ဒီလိုပဲ ရိုးရိုးစင်းစင်း နားလည်မိပါတယ်။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။
ဇယလ
၂၈ နို ကိုဗစ်၂၀