နှင်းဆီပန်းတွေပို့လိုက်တာ ဘာသဘောလဲတဲ့
ကိုယ်ပြောနိုင်ခဲ့တာဟာလည်း လေဟုန်စီးပါပဲ
ပြန်ကွေ့လာတဲ့လ,ဟာ တစ်ခုခုပေးစရာကျန်ခဲ့သလို
အဲဒီအရပ်တွေဆီ မင်းခရီးနှင်နေတုန်းပဲလား
မိမိရရစိတ်ထက် လွင့်မျောခြင်းနယ်ပယ်
နမ်းခဲ့တဲ့အငွေ့အသက်မှာ ရင်ညွန့်ဆီ လက်စမ်းမိသလို
တောင်ပေါ်က လှမ်းမြင်ဘူးတဲ့ ပင်လယ်ကြီးဆီ
မြွေလီမြွေလင်း
မင်းမြင်ရသမျှဟာ မင်းဖြစ်သွားတယ်ဆိုတဲ့ပုံ
ဘယ်လိုဆိုရဦးမလဲ အလဟဿ ရေရဲ့ ခွရော
မင်းရဲ့အသားအရေတွေ ကိုယ့်ဆီစီးမျောတတ်စဉ်က
အခုတော့ မင့်နှုတ်ခမ်းတွေဟာ မိုးကောင်းကင်လိုပဲ
မှန်ထဲကြည့်ပြီး ဆံပင်တွေ ဆောင့်ဆွဲမနေနဲ့တော့
ကြင်နာမှုဟာ မင့်အရေပြားမင်းပြန်လှီးတာထက်
အများကြီးပိုနက်ပါတယ်လေ
ချောက်ကမ်းပါးအောက်မှာလည်း အလေ့ကျပွင့်နီနီ
လေးတွေ မင်းဆင်းခူးဖို့ကြံခဲ့သေး
ခံစားမှုလေဖြတ်ရင် ကြောင်လိမ်လှေကားလည်း
ပြိုကျတာပါပဲ
သိလိုက်လား ကမ္ဘာကြီးဟာ ရုတ်တရက်ရပ်သွားပြီး တဒီးဒီးနဲ့
လည်ဖို့ပြန်အားယူနေတာ
ဇယလ
၆ နို ကိုဗစ်၂၀