ပဟေဠိဆန်ကောင်းဆန်မယ်။
နေ့စဉ်သုံးဘာသာစကားရဲ့ တိုက်ရိုက်အဓိပ္ပါယ်၊
ဆက်နွယ်ခံစားမှု၊ အံဝင်ဂွင်ကျတုန့်ပြန်မှုတို့ရဲ့အလွန်မှာ
ဘယ်တော့မဆို ရှိမြဲရှိနေမယ့် ကဗျာ။
ဘာသာစကားကို မမြင်ရင်
ကဗျာကို မမြင်ဘူး။
ဘာသာစကားကိုပဲ မြင်ရင်လည်း
ကဗျာကို မမြင်သေးဘူး။
ဘာသာစကား + ??? တစ်ခုခု ???
အဲဒါကိုမြင်တတ်မှ ကဗျာကို စမြင်ရတာဖြစ်တယ်။
အဲဒီ??? တစ်ခုခု??? ဟာ တမင်လျို့ဝှက်ထားတာ
တမင်ပဟေဠိလုပ်ထားတာ တမင်ဝင်္ကဘာဆောက်ထားတာ မဟုတ်ဘူး။
မဟုတ်ဘူးလို့ သိထားဖို့လိုတယ်။
ပေးထားတာက ကွန်ယက်တစ်ခု၊
ဘာသာစကား ကွန်ယက်တစ်ခု။
အဲဒီကွန်ယက်မှအစ၊ မှတစ်ဆင့်၊ မှအားဖြင့်
အဲဒီ??? တစ်ခုခု???ထဲ ဝင်စားရတာဖြစ်တယ်။
ကဗျာဟာ အဲဒီမှာ စတယ်။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။
ဇယလ
၃ အောက် ကိုဗစ်၂၀