ဂျပန်ခေတ်ဗုံးကြဲတုန်းက အဖွားပြောတယ်
မျက်မြင် — ဗုဒ္ဓဆင်းတုတော်ကြီးဟာ
မပြိုကွဲသွားပဲ ကျောက်ချပ်သားအပြားလိုက်ကြီး ဖြစ်သွားတယ်
မာယာကောဗ်စကီးရဲ့ ‘ဘောင်းဘီဝတ်မိုးတိမ်’
(မောင်သာနိုး)နဲ့. မြူထဲ ဖွေးကနဲ
ဖွေးကနဲ တန်းနေတဲ့ ယူကလစ်တွေ
အယိုအယွင်းတွေထဲ ဟိုနားဒီနား ပိုင်းဆစိတ်မြွှာနေတာ
အရှိတရားနှစ်ခုရဲ့
နိမ့်ချည်မြင့်ချည် စီးစောမျှခြေ
မတရားမှုဟာ နေ့စဉ်သွားလာမပျက်ပဲ
ညကမ်းခြေရဲ့ လှိုင်းလုံးတွေထဲ
ဝီထိဟာ မြုတ်လိုက်ပေါ်လိုက်နဲ့
သူလား၊ ရေ။ သေနေတာမှ သူ့ထဲမှာ
ငါးသေတွေပဲ ကူးတော့တယ်။ အလွန်ဆုံးဖြစ်
နွံရဲ့နာမ်စားပေါ့
လွန်ခဲ့တဲ့နှစ်၄၀က ‘ကြည်လင်မှု’ နောက်နှစ်၂၀မှာတော့ ‘နက်နဲမှု’
ဒီနေ့ကို အမည်တပ်မရ ဘာဖြစ်ချင်မှန်းမသိ
ဘာလိုချင်မှန်းမသိ သူ့ကိုသူ ဘာမှန်းလည်းမသိ
‘သောက်တယ် စားတယ် ရယ်တယ် ငိုတယ် ခေါ်ရင်ပတ်ပြေးတယ်’
ဘုရားမဲ့ဝါဒနဲ့ ဂန်ဂျာရော့က်
ဂမ္ဘီရလိင်ရည်ရွှဲ ချက်ပြုတ်စားသောက်သိမ်းဆည်း
တစ်နပ်ပြီးစီး တစ်နေ့ဘယ်လိုဘာကစ
မျိုးသုဉ်းတော့မယ့် အန္တရာယ်စာရင်းထဲ
ဧရာဝတီလင်းပိုင်၊ သမန်းကျား၊ ဗြဟ္မဏဆင်တို့ထက်
ပန်းကန်ပြားပျံတွေ ပိုများနေတော့တယ်
အမြဲတမ်းဖြစ်လာတာ မနက်ခင်းတော့ မဟုတ်ဘူးပေါ့
ဇယလ
၃ အောက် ကိုဗစ်၂၀