(အပိုင်း ၄)
အငူပေါ်မှာတည်ထားတဲ့ဗိမာန်ရဲ့မယ်တော်ငဲ့
သင်္ဘောပေါ်ရောက်နေကြသူတွေ၊
ငါးဖမ်းခြင်းနဲ့အသက်မွေးကြသူတွေ၊
ဥပဒေနဲ့အညီ ဥဒဟိုသွားလာကြသူတွေနဲ့
စီမံခန့်ခွဲကြသူတွေအတွက်၊
တောင်းဆုပြုပေးသနားတော်မူပါ၊အို၊မာတာ။

သားတွေ၊လင်ယောင်္ကျားတွေ၊ထွက်ခွာဖို့ပြင်သူတွေ၊
အိမ်ပြန်ရောက်မလာကြတော့တဲ့သူတွေရဲ့
ဇနီးမယားတွေ မိခင်တွေဖြစ်ကြတဲ့
အမျိုးသမီးတွေအတွက်လည်း
ဆုတောင်းပတ္ထနာပေးသနားတော်မူပါလေ
မယ်တော့်သားတော်ဖြစ်တဲ့ ခရစ်တော်ရဲ့
သမီးတွေလည်းဖြစ်ကြတာမို့လေ
ကောင်းကင်ဘုံရဲ့အရှင်သခင္ဘုရင်မ
ဆုတောင်းပေးတော်မူပါလေ။
သင်္ဘောတွေပေါ်ရှိခဲ့သူတွေ၊ သောင်ပြင်မှာ
အလောင်းအဖြစ်ပဲလာသောင်တင်ကြရသူတွေ၊
ပင်လယ်ရဲ့နှုတ်ခမ်းတွေထဲမဟုတ်ရင် ငြင်းပယ်လိုက်မှာမဟုတ်တဲ့
ပင်လယ်ရဲ့ နက်မှောင်လည်မြိုထဲ ဆုံးပါးသွားခဲ့ကြသူတွေ
ဒါမှမဟုတ် ပင်လယ်ခေါင်းလောင်းရဲ့
ထာဝရထူးမြတ်တဲ့ဆုတောင်းခြင်းရဲ့အသံ
မရောက်ရှိနိုင်တဲ့အရပ်ဆီ
ရောက်ရှိသွားကြသူတွေအတွက်လည်း သနားသဖြင့်
တောင်းဆုပြုပေးတော်မူပါ၊မယ်တော်မာတာငဲ့။