ပာရရင်တော့ ဒဏ္ဍာရီထဲ
ရေသောက်ဆင်းတဲ့ ရှုမောဘွယ်
တာနာလော့တ်ရဲ့ဆည်းဈာဟာ
ကမ္ဘာဦးရဲ့ မယ်တော်မာတာမိခင်ပေါ့
အဲဒီအရပ်မှာ ဈာပနကိုမိန်းမလိုက်ရင်
ငလျင်လှုပ်တယ် မီးတောင်ပေါက်ကွဲတယ်
ဒါတွေဟာ အချက်အလက်တွေပါပဲ သူတို့အယူတွေပေါ့
အောက်တိုဘာအူဗွဒ်နိုင်ငံတကာစာပေပွဲတော်
ရှိသလို နာနာဘာဝဆိုးတွေမသိအောင် အိမ်တိုင်း
တံခါးပိတ်နေကြတဲ့နေ့လည်းရှိတယ်
ညရောက်မှ နတ်ဆိုးကတ္ထူရုပ်တွေထုတ်ပြီးမီးရှို့ပွဲ
ပရလောကနဲ့လူနေမှုတစ်သားတည်း
အစိမ်းသေတွေကိုပဲ မြှုပ်နှံတယ်
သဘာဝအလောင်းကို သစ်ခက်တစ်မျိုးနဲ့ဖုံးအုပ်
အပုပ်နံ့လုံးလုံးမထွက်ပဲ သေသူဟာ ညင်ညင်သာသာ
အရိုးတွေတလူလူဖြူသွားတယ်
အ,လောကဆီ ပွင့်နေတဲ့ ဆည်းဈာကြီးမှာ
နေအဝင်ဓာတ်ပုံရိုက်ကြတဲ့ ဧည့်တိုင်းခြားတွေ
ကိုယ်တို့လည်းပါတာပေါ့လေ ဆိုလို စုံတွဲ ရှုခင်း
အိမ်ထောင်ပြုပြီးသားမို့လို့ပေါ့ နို့မို့ရင်
အဲဒီဝတ်ပြုကျောင်းမှာ မယူရသေးသူတွေ မုချ
ကွဲရတယ် ဝတ်ပြုကျောင်းနားက ဂူတွေထဲမှာ
အစောင့်မြွေတွေထွေးလုံးရောယှက်အမွှေးတိုင်နံ့စူး
ဆန်ရေစပါးပေါများခြင်း နဲ့ မျိုးအောင်ခြင်း
သီဝဝါဒီဒေဝတာ သီရိဒေဝီနတ်သမီးနေထိုင်တဲ့
၈၃.၅% ဟိန္ဒူ ၁၃.% အစ္စလာမ်တို့ရဲ့ကျွန်း
၈.၃၄၀၅ ဒီဂရီ တ၊ ၁၁၅.၀၉၂၀ ဒီဂရီ မ မှာ ရတနာသိုက်
ကောင်းကင်ကမ်းပါးရံက မြူခိုးတွေတလူလူအူဝေ့
အူလူဝတူ ရှေးဟောင်းဂန္ဓာရဝတ်ပြုကျောင်း
တွေ့ဘူးသူတွေပြောကြတဲ့ ဘာလီနတ်ကျား
အိမ်တိုင်းမှာ နတ်စင်နည်းစဉ်သျှတ္တရ
မင်္ဂလာဦးညကုတင်မှာ ဇနီးမောင်နှံဟာ နတ်မြွေ
နှစ်ကောင်ပူးယှက်လှိမ့်ရင်းတွန်တောက်သံ
တစ်ကောင့်အမြီးတစ်ကောင်ခဲတဲ့ ဥုမ်အစမှ ထာဝရဆီ
မနက် ကုတင်ခြေတိုင်ချည် ငှက်ပျောပင်စည်ပြတ်ကနေ
အပျိုစင်သွေးဟာ ကြမ်းပြင်ပေါ်စိမ့်ကျလို့
ပိုလာဘာလီ ဆိုတာတကယ်တော့ ပူလောဝ်ဘာလီ
ပူလောဝ်ဆိုတာက ကျွန်းပေါ့
လှပတဲ့ပင်လယ်ကမ်းခြေတွေနဲ့အတူ
ကူတာမြို့က အကြမ်းဖက်သေဆုံးခဲ့ကြတဲ့
ရွှေ့ပြောင်းမရတဲ့ ဝိဥာဉ်တို့ရဲ့ အဆောက်အဦကြီး
ဇယလ
၃ အောက်တိုဘာ ‘၁၉