ပျောက်ဆုံးသွားခဲ့တဲ့
ငယ်ဘဝတွေဟာ ဘယ်တော့မှ
မပျောက်ဆုံးကြပါဘူး ကိုယ်သွားခဲ့တဲ့
ခရီးမှာ သူတို့ဟာ မူလဇာတိလို
နေနေခဲ့ကြတာပဲဖြစ်တယ်
“မယုံဘူး မယုံဘူး … အိပ်မက်
ဝက်ဘာထဲ” သူတို့ ပြန်လာဖို့
မျှော်လင့်ခဲ့ကြသလို “အသိအကျွမ်းတွေ
ပြုံးရယ်နေကြတယ်” ခရီးသည်ဟာ
ထားရစ်ခဲ့တာပဲလား “ငမိုက်သား ငမိုက်သား
မခံမရပ်နိုင်အောင်သိခဲ့ပြီ” ခရီးသည်ဟာ
“ကျောခိုင်းဖို့ပဲဆုံးဖြတ်လိုက်ပြီ”
သူတို့ကို ပြန်တွေ့ရဖို့
“မယုံဘူး မယုံဘူး” ဆက်သွားခဲ့တာလား
သူတို့ဟာ “ကြားဘူးနေကျ ကြားလိုက်ရပြီ”
ခရီးသည်ကို ဦးဆောင်ခေါ်သွားကြတာလား
“အမှောင်မှာ ပျော်ဖို့
အပြောင်းအလဲတွေကြောင့်နာလှပြီ”
မနက်ဖန်မှာ ကိုယ်ဟာ ရောက်နှင့်နေသလို
ကိုယ့်ကို သူတို့ “ကျောခိုင်းဖို့ပဲ
ဆုံးဖြတ်လိုက်ပြီ” ကြိုလင့်နေကြမလား
ယုံရမှာပဲရှိတယ် “မယုံဘူး မယုံဘူး
လက်လျှော့နေကျလက်လျှော့ရပြီ” ယုံရခြင်းနဲ့ပဲ
အထုံဖြစ်ခဲ့ပြီ “လောကမာယာကို
အမှန်တရားလို့ မြတ်နိုးခါနီးမှာ” ထုံမြူးခြင်းမှာ
“အမှောင်မှာပျော်ဖို့
ကျောခိုင်းဖို့ပဲဆုံးဖြတ်လိုက်ပြီ”
“ညကောင်းကင်ရဲ့တေးသမား”
အလင်းတစ်ဝက်နဲ့ အမှောင်တံခါး
“ငမိုက်သား ငမိုက်သား…. ”
ထုံမြူးခြင်းမှာ အလင်းတစ်ဝက်နဲ့
အမှောင်တံခါး
ဇယလ
၁၄ သြဂုတ် ကိုဗစ်၂၀
မျက်တောင်အဖွင့်အပိတ်ကြားစာသားတွေဟာ ချစ်ခင်လေးစားခဲ့ရတဲ့ ကိုခင်ဝမ်းရဲ့ ‘ညကောင်းကင်ရဲ့တေးသမား’ စာသားတွေဖြစ်ပါတယ်… အထီးကျန်ညဟာ ကိုခင်ဝမ်းရဲ့ ဒီသီချင်းနဲ့ပဲ ရင်ခွင်မှာမွေ့ရတော့မှာမို့။