ကဗျာပေါ်မှာ ဘယ်လို mind-set ထားရှိတယ်ဆိုတာဟာလည်း အရေးကြီးတယ်လို့ထင်ပါတယ်..အဲဒီ mind-set မရှိရင် ကိုယ်နဲ့ကဗျာဟာ ဝေးကွာနေသလို…တစ်ခါတစ်ရံ သူစိမ်းဆန်နေသလို….ကဗျာမရေးတတ်တော့သလို ရေးမရတော့သလိုတွေဖြစ်တတ်တယ်လို့ထင်ပါတယ်။
အဲဒီကဗျာ mind-set ဆိုတာဟာလည်း ရော့-အင့်-ယူ-ရ လိုမျိုးမဟုတ်ပဲ ကိုယ့်ဓာတ်ခံအသွေးအသား ကိုယ့်နာမ်အမြှေးပါးနဲ့စေ့စပ်ကြောင်းလန်းလုပ်ပြီး အခြားဘဝပြုမှုအင်္ဂါရပ်တွေ ကွန်ယက်တွေနဲ့ချိတ်ဆက်တည်ဆောက်ရတာ…ပြောရရင် စိတ္တဇဆန်တယ်…နာမ်လောကဆန်တယ်…လောကီကြောင်းကျိုးယုတ္တိလွန်ဆန်တယ်….ဆန်မှာပေါ့…ကဗျာအကြောင်းပြောနေတာပဲမဟုတ်လား။
စဉ်းစားမိတာပြောပါတယ်…
ကဗျာအကြောင်းပြောပါတယ်…
ဇယလ
၁၃ ဂျူလိုင် ကိုဗစ်၂၀