ကိုယ်ဟာနာကျင်နေပါတယ်
လို့ပြောပြီး
ကိုယ့်စကားကို ကိုယ်
ထရယ်ပစ်လိုက်သလိုပဲပေါ့
ကိုယ်ဟာ နွေဦးပါ
နွေဦးရဲ့နွေဦးရဲ့နွေဦးရဲ့နွေဦးရဲ့
နွေဦးပါ (နွေဦးဟာ ဟာသဓာတ်ပါ)
မိုးတွေရွာစွေ
သစ်ရွက်တွေလည်း သည်းညည်းမခံနိုင်အောင်
ကြွေ လေဟာသံမဏိသြခက်စ်တြာ
အဲသလိုမျိုးတွေတွေးနေတုန်းပဲလား
အဲဒီရယ်လိုက်တဲ့အခိုက်မှာ
တန့်မနေပဲဆက်မြည်သွားတာ
ကိုယ်ဟာ နာကျင်မှုရဲ့နွေဦးပါပဲလေ
ဂျူလိုင် ၁ ရက်နေ့ကတော့
သူဖြစ်ချင်တာတွေလုပ်သွားမယ်လို့ထင်ရတာပေါ့လေ
ကိုယ်တွေဟာလည်း ခက်ဆစ်တွေထဲ
လက်ဖျစ်တီးလို့ ထမင်းရည်ပူစည်းပေါ်
နေပျော်နေတတ်ကြပြီလေ။ ။
ဇယလ
၁ ဂျူလိုင် ကိုဗစ်၂၀