ကိုယ်ဟာတစ်ခါမှမအောင်မြင်ဘူးဘူး သူများတွေရဲ့
လမ်းဖြောင့်မှာကိုယ်ဟာသင်္ဘောမှောက်လို့
သူများတွေကြယ်ထွက်ကောက်တဲ့တောလမ်းမှာ
ကိုယ်ဟာစတော်ဘယ်ရီရိုင်း၊ဝက်သစ်ချ၊ထင်းရှုး၊ပြန့်လွယ်တဲ့
ပူတီနာ နိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်း
ဆားမှန်းမသိ သကြားမှန်းမသိ ရှူးရှူးရှဲရှဲထအော်ရတဲ့ ငရုပ်ကောင်းမှန်းမသိ ဒါပေမယ့်ကိုယ်ပြောလိုက်ပါတယ်
ဒါပေမယ့် သူ့ကိုကိုယ်ပြောပြလိုက်ပါတယ်
ဒီနေ့ ဈာန်ဝင်စားမှုတစ်ခုခု လက်တစ်ဘက်လိုရပါစေ
စိတ်ငြိမ်အောင်ထားပြီးမြိုချလိုက်ပါလေ
ယုန်ကလေးလေးဟာ သူ့ယုန်ဖေဖေကြီးကို
ကိုက်လမ်းမှာသွားရှာနေတဲ့အချိန်မှာပေါ့
ခွက်ထဲမှာစကားကုန်ပြီ လက်ထဲမှာများကုန်ပြီ ကမ္ဘာကြီးရဲ့
ခေါင်မိုးပေါက်တွေ တက်ဖာသူတွေရှိကြတယ်
လူလိုနတ်တွေ နတ်လိုနဂါးတွေ ရောဘတ်ဘလိုင်းဝ်ရဲ့
နဂါးပတ်လမ်းကြောင်းပေါ်ကနက်ရှိုင်းနိမိတ်ပုံတွေ
မင်းကိုကြွေလိုနမ်းရတဲ့အခါ၊အကြမ်းပတမ်း
ဆော်ပြီးမှဆေးလိပ်တစ်လိပ်မျှသောက်ကြတဲ့အခါ၊ခေါင်းမှာ
အပေါက်တွေနဲ့ ကလေးလေးဟာ အိမ်ပြန်စရာ
မရှိတော့တဲ့အခါ ပုရွက်ဆိတ်တွေဟာ သစ်ခုတ်သမားရဲ့
ပုဆိန်ဖျားနဲ့သီသီလေး တောင်ပံပေါက်ထပျံသွားကြတဲ့အခါ
ရှင်တော်မြတ်ဟာ သူ့ဆင်းတုတော် သူမမှတ်မိတော့တဲ့အခါ
စာရေးစက္ကူလွတ်နဲ့ထိတွေ့တဲ့အခါ ပလာနောက်
ကိုယျ နံရံထမ်းပြီးလိုက်တဲ့အခါ
လျှပ်စီးတွေလက်တဲ့အခါ သဗ္ဗရနံပေါင်းဟာ သူ့နေရာ
သူကျသွားရင်ကျ မကျလည်း ဆေးလိပ်ကောက်သောက်
ငေး ဟင်းလင်းကြီးထဲပြုတ်ကျနေတဲ့အခါ ကဗျာကို
အာဏာရှင်တွေနဲ့ အာဏာရှင်စိတ်ရှိကြတဲ့သာမန်လူတွေ
မုန်းတီးကြတဲ့အခါ
ကိုယ့်မှာရှိတာက စကားလုံးတွေပါပဲလေ ပြီး
ပဝေသဏီရင်တွင်းချက်တွေ ဒီညကလာတဲ့လူလို
တိုမာ့ရှ် ဆာလမန်းရဲ့ ဓားပေါက်ချက်တွေ ဒီဇင်ဘာ ၂၇
၂၀၁၄မှာ ဦးနှောက်ကင်ဆာနဲ့ကွယ်လွန်သွားတာလေ
တမင်မွေးမြူယူရတဲ့ အစေ့ကနေ ကြောင်စာမြက်တွေ
မြေစိုစိုမှာစိမ်းစိမ်းစိုစိုထိုးထောင်လာနေကြတဲ့အခါ
ကိုယ့်ကြောင်ဟာအသက်ရောဝါပါ ခရီးတော်တော်
ရောက်နေတာ ကိုယ်ပွတ်သပ်ပေးလို့နေပြီလေ။ ။
ဇယလ
၂၉ ဂျွန် ကိုဗစ်၂၀