နွေဦးလို့ပဲထင်တာပဲ၊ ဟုတ်မဟုတ်လည်း
အရေးမကြီးလှပါဘူး၊ ကိုယ့်ရှူးကိုယ်ပတ်ရာသီတွေ
ပြေးကြပုံ ကုန်တင်ကားလိုဘတ်စ်တစ်စီးပေါ်တက်ရဖို့
တွန်းတိုက်ခံရလို့ လဲကျသွားတဲ့ကလေးတွေဟာ
နောက်တစ်ခေတ်အထိပြန်ထဖို့ကြိုးစားဆဲ ဒီမယ် သားရီး
ဝိမြောက်နေတုန်းက မင်းပြောခဲ့တာမှတ်မိလား
မှတ်တမ်းမှတ်ရာတွေတော့ တစ်နေရာရာမှာရှိမပေါ့
ဆဲပဲနေခဲ့ကြတဲ့စောက်ရူးတွေ (အခုတော့
အဲဒီတုန်းကသူတို့လည်းပါခဲ့သတဲ့ ရှေ့ဆုံးက တဲ့)
ဘယ်သူတက်တက်ကိုယ့်အစိုးရပဲ သစ္စာရှိကြရမှာပေါ့တဲ့
အခုလို face app မပေါ်ခင်ကတည်းက နိုင်ငံရေးလိင်
ပြောင်းလိုက်ကြတာတွေ ဟိုမှာလာနေပြီ ဒဿ
ရာမရဲ့ပုခုံးပေါ်လက်တင်လို့ မင့်မိန်းမ နဲ့ ငါ့ကျွန်း
လဲမလားသားရီး သိင်္ဂိုပြည်ကြီးမီးလောင်စရာမလိုဘူးပေါ့
အိမ်ပြန်လာတော့အားလုံးဟားသူ့နေရာနဲ့သူ
အရေးကြီးတယ်ဆိုတာသိရပေါ့ ခွေးတွေကြောင်တွေကုတ်ခြစ်ထားလို့စုတ်ပြဲဆက်တီပေါ်ကအဝတ်ဖုံး
ထိုင်ခုံဆွဲရွှေ့တုန်းညပ်သေသွားတဲ့အိမ်မြှောင်
ဘယ်တော့မှကြီးလာမှာမဟုတ်တဲ့ ဓာတ်ပုံထဲကကလေးဘဝ
သူငယ်ချင်းတို့ရေ (ထူးသံမကြား) သတိရမိပါတယ်ကွာ
ခုလိုမိုးတွေအုံ့နေတဲ့အချိန်မှာ ပလက်ဖောင်းပေါ်မှာ
ဇိမ်ရှိဖို့ ဟိုတုန်းကအော်ခဲ့ရတဲ့ ‘ရှေ့သို့ ရှေ့သို့’
သက်တောင့်သက်သာရှိပါတယ် တစ်ယောက်တည်းငိုရတာ
အုံ့နေတဲ့မိုးတောင် ရှို့တို့ရှန့်တန့်ဖြစ်သွားတယ်
မှာထားတဲ့နေထိုင်နည်းသစ်လည်းရောက်မလာသေးဘူးကို
ဇယလ
၂၇ ဂျွန် ကိုဗစ်၂၀