မြောင်းကြီးရေလျှံ မြောင်းသဏ္ဍာန်မှာ
ဟန်ချက်မလွဲမိစေဖို့ လိုက်ဖို့ရတဲ့ဖို့တွေဖို့တွေ
‘မြို့ပြယဉ်ကျေးမှု’ ရင်နွေးစရာဟာ ‘ရိပ်ကာဝဲကာ’
နေပါဦး အဲဒါမင်းပဲမဟုတ်လား ခွေးကိုသတ်စားခဲ့တာလေ
ကွင်းလုံးကျွတ်မဟုတ်တောင် ပြစ်ဒါဏ်လျှော့ပေါ့
နေရတာ ဘဝဆိုတာဆားခတ်ထားတဲ့ပင်လယ်ရေမှ
မဟုတ်တာ၊မဟုတ်ဘူးလား သခင်တွေဟာဒီမှာ
မရှိကြတော့ဘူး ဘယ်သွားမှန်းလည်းမသိကြဘူး
ခြားရဟတ်က ခါးကိုင်းပြီး တက်မလားတဲ့ သွားမယ်လေတဲ့
ခြေဖျားလေးထောက်ထောက်ပြီးကရတဲ့ ဘဲလေးလို
မှန်တမ်းစကားဆိုကြစို့ရဲ့ ကတ္ထူပုံ ညှပ်ထားတဲ့
ကိုယ် တြေရဲ့သဏ္ဍာန်တွေ မီးပုံထဲမရောက်ခင်
စကားလက်ဆုံ က,ခုန်လိုက်ကြစို့သေးရဲ့
လူကုံထံရိပ်သာလမ်းမှာဖြတ်လျှောက်ခြေသံ
ဘယ်သူ့ထံ ဝရံတာကကြည့်လိုက်ရင် ဟောဟိုမှာ
ကွန်တိန်နာတွေနဲ့သူစိမ်းဆိပ်ကမ်းကောင်းကင်လမ်း
နှစ်ပေါင်းများစွာကြာပြီးကာမှ ပလပ်စတစ်ပုံးထဲ
အပင်လေးစိုက် အရွက်ကလေးထွက်လာတာကို ဝမ်းသာ
နှစ်ခြိုက် ဒီဘဝပဲပြန်နေရရင်နေချင်မလား အပင်လေး
ကပြောတယ် ဘာပန်းပွင့်လာမလဲကြည့်ဦးလေ
မမြင်ရတဲ့အဆံတွေက မဂ်လာပါ မဂ်လာပါ လို့ပြောပြီး အဝေးကြီးကသယ်လာတယ် အဝေးပြေးဂိတ်တစ်ခုမှာ တီးမှုတ်သံတွေနဲ့ ‘ခရီးစဉ်သစ်တွေရေးစွဲနေပါပြီ’
အမြဲသိမ်မွေ့တဲ့တွေ့ဆုံညှိနှိုင်းမှုပမာ
နေ့တွေဟာ သင့်နာမည်ကိုတေ့တေ့ဆိုင်ဆိုင်ယူလာတယ်
ဒီဘဝပဲရှိတာပဲလို့ အချို့လည်း ခံအားသင့်ရာရွေးချယ်
ညနေခင်းတိုင်းအိမ်အပြန်ဘတ်စ်ကားပြတင်းက
ဖြတ်သွားရင်းတွေ့မြင်နေကျဟာ
‘စံပြဘဝတစ်ခု ယခုပဲ သင်မပိုင်ဆိုင်ချင်ဘူးလား’
ဇယလ
၂၄ ဂျွန် ကိုဗစ်၂၀’