ပေးစရာအချိန် သူ့အရှိန်နဲ့သူသံပတ်ကုန်လို့
သေပြီးသားစကားတွေပဲရေ/ယင်တလောင်းလောင်း
မြို့ဟာကုန်သွားပြီမြို့စွန်မှာတစပြင်ကုတင်
ပရိဘောဂကျိန်စာတွေနဲ့ရှောင်ပြေးမရလေထု
အချစ်ကုန်ခမ်းချိန်မှာဘာမဆိုဖြစ်သွားနိုင်တယ်
အဲဒီမြက်ခင်းထဲမှာဘာမှအသက်မရှူကြတော့ဘူး
ဘာမှမရှင်သန်တော့တာဟာလည်းကိုင်လိုက်တိုင်းသေ
ခွဲစိပ်နေစဉ်နှလုံးရပ်လို့သေသွားတဲ့
ခွဲစိပ်ဆရာဝန်ရဲ့ခွဲစိပ်စင်ပေါ်မှာ အချိန်မတိုင်မီ သူဟာ
မေ့ဆေးပြယ်စမှာအထက်ဘုံအောက်ဘုံလူးလွန့်
အမှောင်ခေတ်ရဲ့လှောင်အိမ်ထဲ နေမဲ့ လမဲ့ သူမ ကို
စုန်း လို့ဘုန်းကြီးတွေစီရင်ချက်ချတော့မယ်
သားသတ်သမားဟာတစ်နေ့တာအလုပ်တွေပြီးလို့
မယားဆီလေကလေးတချွန်ချွန်နဲ့ မယားဟာ
ကိုယ္လက်သန့်စင် အိပ်ရာကြိုတင်ပြင်ထားပြီး
အပေါ်ယံအဝတ်နဲ့ပဲ အာသာထဲလင့်ညှီနံ့ထောင်းလို့
ဒူးနဲ့တံတောင်စေ့တွေဟာအသားမာတွေတက်လို့
ဝက်ကလေးတွေသိုးကလေးတွေနွားကလေးတွေ
ဆိတ်ကလေးတွေကို အခါခါကိုယ်ဝန်ဆောင်လို့
အခါခါပဲလစဉ်သွေးမည်းထဲက လင်းနို့အုပ်တွေ
ထ ထ ပျံလို့
ဇယလ
၁၈ ဂျွန် ကိုဗစ်၂၀