ဝမ်းမနည်းပါဘူးလို့ကိုယ့်ဝမ်းကိုလည်းမလည်ဆည်
သတင်းရဲ့အနမ်းမှာအဆိပ်စမ်းမိပြီးမူအတိုင်းဆက်ဖက်လိုက်
တာပဲ Loki ရဲ့ မစ္ဆရိယဟာ Thor ရဲ့တူထက်တန်ချိန်များစွာလေးခဲ့တာ Batman လည်း သမုတ်ခံရ Superman လည်းသေပွဲဝင်ရတာ အနန္တသူရိယလည်း မတ်မတ်ကြီးနဲ့သိခဲ့ပေါ့ အရောင်မဲ့အကြံအစည်အမိုက်တို့ ဒေါသတကြီးစိမ်းစိမ်းအိပ်စက်လေသတည်း
ကျောယားနေသလား အလောတကြီးကုတ်ပေးဖို့ရာ လောကုတ္တရာရဲ့အလုပ်မဟုတ်ဘူး လောကီဈာန်တစ္မနက်
ဟာ လောကဓံရဲ့လက်ထဲမှာ လက်ရေတပြင်တည်း တစ်ခရီးတည်းသွား လှေတစ်စီးပေါ်မှာ ရေထဲကအရိပ်ဟာမတ်မတ်ကြီးလှမ်းလာတာ မင်းလည်းပါသလား၊သြော်၊ဘရူးတပ်စ် လှမ်းမြင်နေရတဲ့ကမ်းစပ် ကမ်းမကပ်မီမှာ ကမ်းလိုက်တဲ့ဓားရိုး
ဇယလ
၈ ဂျွန် ကိုဗစ်၂၀