ပူတင်းပေါက်မှာရစ်သီရစ်သီတိမ်တိုက်ဟာ
အိပ်ရာထဲဝင်လာဖို့ပဲချောင်းနေတယ်
အခွင့်အရေးတိုင်းဟာအခွင့်ရေး မျက်နှာဖုံးနဲ့
ချွတ်ဆွတ်တူမျက်နှာကိုချွတ်မရလို့ ငှက်များရဲ့မြည်တမ်းသံထဲ ပင်ကြီးပင်အိုကိုတိုက်စားဖြတ်တောက်နေတဲ့
စက်တပ်လွှသံတညံညံ ဘယ်တော့မှမင်းနဲ့ကိုယ်
ပြန်တွေ့ကြရမလဲ အဆုပ်ဟာအလုပ်အပြီးအပိုင်
မရပ်ဆိုင်းသွားခင်မျက်လုံးကိုလှမ်းမေးတယ် နှာခေါင်း
စည်းတပ်နိဗ္ဗာန်သမားတွေ နှာခေါင်းစည်းမတပ်
သိပ္ပံခြားတွေ အပြိုင်စကြဝဠာမှာ ကြုံကြိုက်ရင် (ရထိုက်ရင် လို့လည်းပြောကြတယ်) တစ်စိမ့်စိမ့်
သေစေတဲ့အဆိပ်ဆူးရှိတယ် ပန်းကတော့ရှားရှားပါးပါး
ခံစားရရင်တမ်းသိရတဲ့အလှစစ်စစ်ပဲ တစ်သက်မှာတစ်ခါပဲသေနိုင်
သလို တစ်သက်မှာတစ်ခါပဲ ခြစ်နိုင်တယ်ဆိုလား ဟိုဘက်စကြ
ဝဠာ မဟုတ်ရင် ဟိုဘက်စင်္ကြံမှာ သူမ ရပ်နေတုန်း
ရထားတစ်စီးဝင်လာ သူမ မရှိတော့တာမျိုး ကိုယ်ဟာလည်း
ဘူတာမှန်ပြီး စင်္ကြံလွဲသွားရတာမျိုး ခွက်ဟာဒလက်
မဖြစ်ဘူး ဆားဟာသကြားမဖြစ်ဘူး သူရူးဟာ
ကလေး မဟုတ်တော့ဘူး ဆူးတိုင်းဟာရည်ရွယ်သသူရှိတယ်
လ,မိုက်ညမှာမျက်ရည်ခံခွက်မဟုတ်ရင် မျက်ရည်ချူစက်ရှိတယ် တစ်ဘဝလုံး
မီးအုံးသည့်နှယ်လို့ ကလေးပုံပြင်တွေထင်ခဲ့ရတယ်
ကိုယ်ဟာတစ်စတစ်စမွမွလေးတွေပျက်ပြယ်နေတာ
ကောင်းကင်နဲ့မမှားသွားဖို့အဖြူရောင်ကိုရွေးရတာ
ကောင်းကင်နဲ့မှားမိပြီးတော့လည်း လွမ်းမိုးမပွင့်
အတွင်းခြိမ်းအဆင်းခြောက်ကပ်နဲ့ နောက်တစ်ခေါက်
ထပ်ကြိုးစားကြည့်တာပေါ့ကွာ လို့ ငှက်တော်အမ က သူ့အထီးလေးကိုအားပေးပြီးအသိုက်ကိုစွန့်ခွာ
သွားကြတယ် မြေပြင်ပေါ်ပြုတ်ကျနှုတ်သီးဟအာနီလေး
မျက်ခွံမည်းမှေးစင်းကျလာနေတာကိုယ့်လက်ထဲ
ကိုယ်ဘာလုပ်ရမလဲ ကိုယ်ဘာလုပ်ရမလဲ အဲသလိုအော်လိုက်တယ်
ကိုယ်ဘာလုပ်ရမလဲ ကိုယ်ဘာလုပ်ရမလဲ အဲသလိုပဲ့တင်သံ
မိုးကောင်းကင်ထံမှလား သူများတွေကောကြားလိုက်သလား
ဇယလ
၂၉ မေ ကိုဗစ်၂၀