မင်းဟာကိုယ့်ရဲ့အနန္တစကြဝဠာအလွန်က
ကိုယ်သင်းနံ့လေးဖြစ်တယ် သင်း-သင်း-လေး
မင်းဟာကိုယ့်ရဲ့စစ်ကြောရေးစခန်းအလွန်က
ရှင် နေတဲ့သွေးနီဥဖြစ်တယ် သွေး-နီ-ဥ
မင်းဟာကိုယ့်ရဲ့ရောဂါဘယအလွန်က
သစ်တောက်ငှက်ဖြစ်တယ် တောက်-တောက်-တောက်
မင်းဟာကိုယ့်ရဲ့အာဏာပါဝါအလွန်က
ယူကလီးလီးလေးဖြစ်တယ် တင်းဂ်-တော်င်-တင်းဂ်
မင်းဟာကိုယ့်ရဲ့ကွယ်လွန်ခြင်းအလွန်က
ရင်ခုန်လှုပ်ရှားဘွယ်ပီယာနိုတီးလုံးဖြစ်တယ်
(မဖော်ပြနိုင်)
မင်းဟာကိုယ့်ရဲ့ကဗျာတွေအလွန်က
လနဲ့ပင်လယ်ရဲ့ချစ်မှုပြုခြင်းဖြစ်တယ်
(ကြုံဘူးမှသိလိမ့်မယ်)
မင်းဟာကိုယ့်ရဲ့မင်းအလွန်က
မဖွင့်ရသေးတဲ့စာအိတ်ဖြူဖြူလေးဖြစ်တယ်။ ။
ဇယလ
၂၁ မေ ကိုဗစ်၂၀
မှတ်ချက်။ ။
ဟဲရိယစ်တ် မလ္လင်န်ကိုအားကျ၍။