အိပ်မက်ကိုပြန်ချိတ်ဆက်ရသလိုပဲ
အိပ်ခြင်းနဲ့နိုးခြင်းကြားမှာ
အိပ်သွားပြီးအခြားဘုံတစ်ခုခုမှာ
အသစ်စက်စက်နိုးထလို့ လူဖြစ်ဖြစ်
တိရိစ္ဆာန်ဖြစ်ဖြစ် ခေါင်းပေါ်က
သစ်ရွက်တွေကြား နေပြောက်ကလေးပြေး
နေပြောက်ကလေးပြေးနေခဲ့သလိုပဲ
စူးစူးဝါးဝါးအမှတ်ရ စူးစူးဝါးဝါးပဲလွှတ်ချ
ဇယလ
၅း၁၅
၁၂ ဧပြီ ၂၀၂၀