ဒီညနေလည်း ပန်းပင်တွေ ရေလောင်းတယ်
သတိထားမိတာက သစ်ရွက်တွေကအစ
အကိုင်းအခက်တွေကပါ
ပိုပြုံးပြလာတတ်ကြတယ်
ဒါဟာရောမန္တိကအယူအဆနဲ့အရာရာမှာ
မသိရတဲ့သက်ရှိအရာတွေရှိတယ်ဆိုတာမျိုး
ဟုတ်ပါလိမ့်မယ် မဟုတ်ပါလိမ့်မယ်
ရေလောင်းပေးနေရတာကိုပဲအသက်ရှင်မှုတစ်ခု
ဇီဝ
ဘာလေမှမတိုက်ပဲ
ကွယ်လွန်သူစိုက်ခဲ့တဲ့စက္ကူပန်းလေးဟာ
တပြုံးပြုံးနဲ့လှုပ်ခါယိမ်းကလို့နေတယ်။
ဇယလ
၃ ဇပြီ ၂၀၂၀