တစ်ခါက ပို့စ်မော်ဒန် ပို့စ်မော်ဒန် လို့နားစွန်နားဖျားကြားဘူးရုံနဲ့အော်ခဲ့ကြတယ်…ပို့စ်မော်ဒန်ကဗျာရေးမယ်ပေါ့…ခက်တာက အဲဒီတုန်းက ပို့စ်မော်ဒန်ကဗျာဆိုတာ ‘မူးလို့တောင်ရှူစရာမရှိ’ခဲ့ဘူး…ဘာလဲ ပို့စ်မော်ဒန်ကဗျာပေါ့…
အဲဒါနဲ့. ပို့စ်မော်ဒန်ကဗျာဆရာလို့ အသိအမှတ်ပြုခံ အမေရိကန်အကျော်ဒေးယျကဗျာဆရာ John Ashbery ကိုမိတ်ဆက်ပေးခဲ့တယ်။ ပို့စ်မော်ဒန်ကဗျာလို့သတ်မှတ်ကြတဲ့ LP ကိုမိတ်ဆက်ပေးခဲ့တယ်..အော်လိုက်ကြတဲ့ဖြစ်ချင်း…နာမည်ရ နာမည်ကြီးကဗျာဆရာတစ်ယောက်ကလည်းပြောတယ် ‘ကိုယ်လိုချင်တာ ပို့စ်မော်ဒန်ကဗျာ၊LPမဟုတ်ဘူး’တဲ့။ ကိုအောင်ချိမ့်က ၂ယောက်တည်းတွေ့ချင်တယ်ဆိုလို့ ဘားလမ်းကဆိုင်မှာသွားထိုင်တယ်။ပြီး ‘သူငယ်ချင်း၊LPဆိုတာဘာလဲ၊ရှင်းပြပါဦး’တဲ့။သူသေသေချာချာနားထောင်ပါတယ်။ပြီး ‘အင်း’ လို့ပဲပြောပါတယ်။
အခုပြန်သုံးသပ်မိတာက အဲဒီတုန်းက ‘အသစ်’ဆိုတာဘာမှန်းမသိပဲ’အသစ်’ကိုသာလိုချင်ခဲ့ကြတယ်။အဲဒီ’အသစ်'(မသိရသေးတာမို့’အသစ်’)နဲ့လည်းတွေ့ရော စူးစမ်းစမ်းသပ်တီထွင်ရေးသားဖို့ပွင့်သွားတဲ့ဟာလာဟင်းလင်းနယ်ပယ်စပေ့စ်ကနေနောက်ဆုတ်ပြီးရှိရင်းစွဲ နေသားကျ comfort zone ထဲပြန်ဝင်သွားကြတယ်…ခေတ်ဆိုးကြီးကလည်းဟုန်းတောက်နေတာအကြောင်းကြီးတစ်ခုပေါ့လေ….
ကဗျာနဲ့ခေတ်အခါသမယရဲ့ရှုပ်ထွေးနက်နည်းတဲ့အပြန်အလှန်ဆက်စပ်မှုအကြောင်းပြောချင်တာပါ…
စဉ်းစားမိတာပြောပါတယ်…
ကဗျာအကြောင်းပြောပါတယ်…
ဇယလ
၂၂ မတ် ၂၀၂၀