တစိယောက်တည်းကျန်ရှိနေရဖို့ညပေါ့
၁၅ပေါင်ရှိတဲ့ရွှေဖယုံသီးထဲကအူတွေနှိုက်ထုတ်ဖို့
ဖယောင်းတစ်တိုင်ထိုးစိုက်ပြီး ခန်းစီးတွေကိုရေလောင်းဖို့
သူငယ်ချင်းတစ်ယောက်ကိုကျွန်မဖုန်းဆက်မေးလိုက်တယ်
ရှင်ဘာလိုချင်သလဲ
ပိုက်ဆံနဲ့ ပိုက်ဆံကရတဲ့ကံကောင်းခြင်းတွေ လို့ဖြေတယ်
ပုလင်းထဲကနတ်မကို ကျွန်မမေးလိုက်တယ်
ရှင်ရော ဘာလိုချင်သလဲ
နတ်မ ဟာ တောင်ပံတွေတဖျတ်ဖျတ်ခတ်
ငိုသံကြီးနဲ့ပြောတယ်
သေချင်တယ်
လိင်ဆက်ဆံတာဟာလည်း သာယာမှုအများကြီးကို
ညှစ်ထုတ်ပစ်လိုက်သလိုပါပဲ
နောက်ဆုံး လည်ပင်းတစ်ခုပဲ ကျန်ရစ်တော့တဲ့အထိ
အမေရိကန်ကဗျာဆရာမ Fanny Howe ရဲ့ Scattered Light
ဇယလ
၁၆ ဖေ ‘၂၀