ဖြူဖွေးချောမွတ်ဖြောင့်စင်းတဲ့
ခြေတံပေါ်
ဖြူဖွေးချောမွတ်လုံးဝန်းတဲ့
ကြွေလက်ဆေးဇလုံနဲ့
တောင့်တင်းပြောင်လက်အလင်းဟပ်တဲ့.
စတီးရေပိုက်ခေါင်း
ဖွင့်လိုက်ပြီး ကိုယ်မျက်နှာသစ်လိုက်တယ်
မှန်ထဲကြည့်လိုက်တယ်
ပုံရိပ်ကလွှတ်လိုက်တဲ့ နာမဝိသေသနတွေကိုကမန်းကတန်း
ရေနဲ့ဆေးချပစ်လိုက်တယ်
ပြီး စာသင်ခန်းထဲပြန်ဝင်လိုက်ရတယ်
ဇယလ
၁၃ ဇန် ‘၂၀