Bei Dao Poems

အနုပညာရှင်ရဲ့ ဘဝ

အမေပြောတယ်၊ မုန်လာဥအဖြူ သွားဝယ်
ရဲကပြောတယ်၊ မျဉ်းတားထားတာ မကျော်နဲ့
အရက်မူးနေသူက ပြောတယ်၊ သမုဒ္ဒရာကြီးရေ … မင်းဘယ်မှာလဲ
ကိုယ်ပြောတယ်၊ လမ်းမီးတွေ အားလုံး ဘာလို့ ပေါက်ကွဲသွားကြသလဲ
ဖြတ်သွားတဲ့ မျက်မမြင်တစ်ယောက်ဟာ
သူ့တုတ်ကောက်ကို အသာတကြည် မ,လိုက်တယ်
တီဗီအင်တာနာတစ်ခု ဆွဲထုတ်လိုက်သလို
ဘီးကို တုံ့ခနဲ ရပ်သံနဲ့အတူ လူနာတင်ကား ရောက်လာတယ်
ကိုယ့်ကို ဆေးရုံခေါ်သွားတယ်

ကိုယ်ဟာ စံပြလူနာ ဖြစ်လာတယ်
အားလုံးကြားအောင် အကျယ်ကြီး နှာချေပြတယ်
ထမင်းစားချိန် ခန့်မှန်းဖို့ မျက်လုံးတွေ မှိတ်တယ်
ကြမ်းပိုးတွေကို သွေးလှူတယ်
ပင့်သက်ချဖို့တောင် အချိန်မရရှိခဲ့ဘဲ
အဆုံးမှာ ကိုယ့်ကိုလဲ ဆရာဝန်တစ်ယောက်လို့ ထင်မှတ်လာကြတယ်
စင်္ကြံတစ်လျှောက် ကိုယ် ခေါက်တုံ့ခေါက်ပြန် လျှောက်တယ်
ညနေခင်းတွေ ကုန်လွန်သွားစေဖို့

(The Artist’s Life by Bei Dao)

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>