ရေးပြီးသားဝါကျတွေဟာအဓိပ္ပါယ်အရောင်ပြောင်းကြတယ်၊ဆိုပါစို့၊ မျိုးသုဉ်းစေရန်သတ်ဖြတ်သည်’
‘ဇာတိမာန်’နှင့်’နိုင်ငံတကာခုံရုံး’ စကားလုံးနှစ်လုံးပါဝင်သည့်
ဝါကျတစ်ကြောင်းဖွဲပြရန်
သိထားတဲ့သူတွေတောင်မသိချင်ယောင်ဆောင်ကြအံ့
သြဘွယ်ရာ
ကဲ၊အပြစ်ကင်းစင်မှု ကဲ၊ရေငုံနှုတ်ပိတ်
ကဲ၊ဆောင်းမှာနွေရောက်ပြီ
လက်ကိုသွေးနဲ့သန့်အောင်ဆေး
သေသူတို့ရဲ့အသက်တွေနဲ့ဆပ်ပြာနံ့မွှေးမွှေး
အပြည်ပြည်ဆိုင်ရာရဲ့လိပ်စာအတိအကျ သားမွေးဖို့အားမွေးတဲ့ သားသတ်သမားကသူ့မိန်းမကိုသွေးနဲ့သုတ်လိုက်တယ်
သားသတ်ရုံရဲ့ပွဲကြည့်ပရိသတ်ငါတို့
လက်ခုပ်ထဲသြဘာမတီးမမြည် တီးမမြည်
‘အမှား’ ဆိုတာပြောင်းလို့ရွှေ့လို့ရတဲ့စကားလုံးတစ်လုံးပဲ
ဥပမာ၊’အမှားဆိုတာငါတို့မှာမရှိဘူး’
ဥပမာ၊’ငါတို့မှာအမှားဆိုတာမရှိဘူး’
ဥပမာ၊’ငါတို့မှာအမွားဆိုတာမရှက်ဘူး’
မှတ်ဥာဏ်နည်းတဲ့အရပ်မှာတစ်ပတ်မကြာပါဘူးမေ့သွားမှာ
အမေသွားမှာလား သွေးအလူးလူးနဲ့ရင်ကော့ပြီး
အမေသွားမှာလား
ပြသနာကိုဖြေရှင်းပြီးသွားပြီ ပြသနာကိုဖြေရှင်းရတော့မယ်
ဖြေရှင်းလိုက်ပုံဟာပြသနာ ထွက်ရှိမယ့်အဖြေနဲ့တစ်ပုံစံတည်း
‘ယုံကြည်မှုကိုအလွဲသုံးစားမလုပ်နဲ့’ အဲဒီမေးခွန်းဖြေပြပါ
ဒို့ပြည်ကြီးကိုကာကွယ်မည် သဒတ်မတာစတ်မတာ
သတ်ပုံ မှန်/မှားရွေးချယ်ပါ
ဝါစဂ်တွေကလဖန်ထိုး ဒို့မျိုးရိုးညံ့ရတော့မည်လား ဆားနဲ့ပါဘုရား
ဖြေရှင်းပြီးသွားတဲ့ပြသနာ ပြသနာကပဲပြန်ဖြေရှင်းရမှာ
ပြသာဒ်ကိုလာပစ်တဲ့ပြသနာ
ပြသာဒ်နားဝေ့လာနေတာ အလို၊ဘယ်ကပြာတွေလဲ
မီးခိုးတိတ် ဝစီပိတ် ဖိတ်စင်သွားတာအမှန်လား
သမ္ဗန္ဒရဲ့သမ္ဘူလ ဝါကျဖွဲ့ထုံးတို့ရဲ့ခုံရုံး ဗုံးတစ်လုံးဆိုရင်အဓိပ္ပါယ်တွေကွဲလောက်တယ်
ဇယလ
၂၁ နို ‘၁၉