လခြမ်းရဲ့အငုတ်မှာ မီးပုံးပျံတစ်လုံးပေါ့ ငြိနေတာ ကြယ်တွေလည်း မတတ်နိုင်
သူ့ရုံးခန်းတံခါးသော့ သူမဖွင့်တတ်တဲ့ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်မကြီးကို လူနာက ဖွင့်ပေးလိုက်ရတယ်
ရှာရဖွေရခက်တဲ့ ကိစ္စတွေထဲမှာ မင်းကိုယ်တိုင်တွေ့ခွင့်မရတဲ့ မင့်မျက်နှာ အိပ်မက်ထဲ တကယ်တွေဖြစ်နေတာနဲ့ တကယ်ထဲ အိပ်မက်တွေဖြစ်နေတာရဲ့ ဝေဝါးစည်းမှာ ဘယ်ဟာ လောကခြေရာ ဘယ်ဟာ ဘယ်သူ့လက်ရာ
အခါတစ်ပါး ညအခါ၌ အိမ်ပေါ်ကဆင်းသွားပြီး ကြုံတဲ့တက္ကဆီသမားနဲ့ နှစ်ပါးသွားပစ်လိုက်ခဲ့တာ
မီးစွဲလောင်နေတဲ့ ပရဒိသုဘုံကို မင်းဇောက်ထိုးကြီး ကြည့်နေခဲ့တာပေါ့
ဆရာဝန်မကြီးက သူ့အကြောင်းသူပြောပြရင်း တရှုံ့ရှုံ့ငိုတယ်
လူနာက နှစ်သိမ့်မှုတစ်သျူးတွေ သူ့ရင်ထဲ တရွက်ပြီးတစ်ရွက်
ဇယလ
၂၀ နို ‘၁၉