အဲဒီစိတ်ကူးကိုဖျက်ပစ်လိုက်ဆိုတာဟာ
အကောင်အထည်ဟာမနိုင်မနင်းကြီးထွား
နယ်စပ်တွေဖြတ်ကျော်ပြီးနိုင်ငံတကာခုံရုံးတံဆိပ်နဲ့
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ပြစ်ဒဏ်နဲ့
အဲဒီစိတ်ကူးကိုဖျက်လိုက်အဲဒီဒုက္ခသည်လှေတွေကိုဖျက်လိုက်
အဲဒီပြည်တွင်းပစ်နိုင်ငံခြားလက်နက်တွေဖျက်လိုက်
ကြိုးစင်တင်လိုက်ပါနောက်ကြောင်းမပြန်ရေးကို
ကြိုးစင်မှာလွတ်လပ်စွာပျံသန်းလို့နေပါစေ
မင်းရောဗိုက်ကောင်းတယ်မဟုတ်လား
ငါ့ဗိုက်လည်းအဖွင့်ခံဖို့နိုင်ငံခြားတပ်
ချစ်ခင်ရင်းနှီးစွာလာရောက်ဖြေရှင်းရေး
အပေးအယူဓားသွားပေါ်ကဆားရည်စိမ်ပြည်သူကရေစီ
အပေါ်ယံဝင်ပြီးအပေါ်ယံထွက်တဲ့နေကြောင့်ဒီအရပ်မှာ
အပေါ်ယံအမှောင်အပေါ်ယံအလင်းထဲပဲနေတတ်ကြ
အစစ်အမှန်ဟာလည်းအဲဒီအပေါ်ယံပဲဖြစ်နေတော့
အဲဒီစိတ်ကူးကိုဖျက်လိုက်ပါ
အဲဒီအနာဂတ်ကိုဖျက်လိုက်ပါ
ပစ္စုပ္ပန်မှာငါတို့အားလုံးရာဇရဲ့အဝတ်ထဲသားဖြစ်ရတဲ့ဘဝ
ပျော်ရွှင်စွာဆက်လက်နေထိုင်ရတော့မည်မှတပါး
ဇယလ
၁၈ နို ‘၁၉