မျက်ရည်

ဦးခင်မောင်ရင်ငိုတတ်တယ်၊ သူ့အဖေအမေအကြောင်းပြောတိုင်း။ ကိုသင်းခိုင်ငိုတယ်၊ သူ့ငယ်ဘဝနဲ့မိဘတွေအကြောင်းပြောရင်း။ ကိုအောင်ချိမ့်ငိုတယ်၊သူ့ကျန်းမာရေးနဲ့ပတ်သက်လို့။ ကိုချောငိုတယ်၊ညီမလေးမမမြင့်အတွက် လိုတာတွေသူမပေးနိုင်ခဲ့လို့။

ရေနံတွေပမ်းထွက်သလို၊ကမ္ဘာမြေကြီးရဲ့အလွှာတွေအောက်ဖိအားတွေရဲ့ဖိစီးမှုတွေကနေပမ်းထွက်တဲ့မျက်ရည်တွေမဟုတ်ရင်ရာနှုန်းပြည့်စိတ်အဟုန်နဲ့ခုန်ဆင်းကြတဲ့ရေတံခွန်တွေအခြားကမ္ဘာကမီးတောင်ဝကချော်ရည်တွေဟာဒီမှာ မျက်ရည်လာဖြစ်ကြ၊သွန်းဖြိုးကြတယ်၊စိတ်ချည့်သက်သက်ဆက်တိုက်မျက်ရည်တွေ၊ယောက်ျားရင့်မကြီးတွေရဲ့ခေတ်တွေကိုရေဆန်ဖြတ်သန်းခဲ့ကြရတဲ့မြိုသိပ်လူသားမျက်ရည်တွေ။

ချူစရာမလိုပူစရာမလိုယူချင်လို့တောင်တောင်းလို့မရတဲ့မျက်ရည်တွေသူ့အချိန်သူ့အခါသူ့အလိုလိုတသွင်သွင်ပင်ကျမျက်ရည်တွေ။

ဟောဒီမှာလေ၊မျက်ရည်တွေ။ဘာမှမဟော၊ဘာမှမပြော၊ လျှောကနဲစိတ်အံဆွဲထဲကထွက်လာတဲ့ကံစီးတော်မြင်းပန်းပွားတဖွားဖွားနဲ့ဟီသံကိုအသံပိတ်ချလိုက်တဲ့မျက်ရည်တွေ။

ဇယလ
၁၄ စက် ‘၁၉

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>