ကိုယ်တို့ရဲ့ပတ်လည်က ငါးတွေဟာ
ကျယ်ပြန့်ပြီး အထီးကျန်နေရှာကြတယ်။
သူတို့မှာ မင့်မျက်လုံးတွေ မရှိကြဘူး။
ရေပူစီပေါင်းတစ်မျှောင်း
မင့်အတွေးတွေကို
မသေပဲကျန်ရစ်ခဲ့မှုရဲ့တောက်ပတဲ့
နှုတ်ခမ်းသားဆီသယ်မ, သွားတယ်။
အဲဒီအထက်ဆီမှာ
မင့်ပါးစပ်လိုလှပတဲ့ပါးစပ်တစ်ခု
ကိုယ့်နှုတ်ခမ်းတွေကိုရေမှော်တွေနဲ့
စွန်းထင်းအောင်လုပ်လိုက်တယ်။
ညိယှက်နေကြတဲ့အိပ်ချင်မူးတူးကွန်ထဲမှာ
ကိုယ့်လက်မောင်းတစ်ဘက်ဆန့်လိုက်လို့ရတယ်
ကိုယ်တို့နှစ်ယောက်စလုံးကိုတွန်းတင်လိုက်ဖို့
ကျိုးပဲ့နေတဲ့မျက်နှာပြင်တွေရဲ့ဘယ်လိုပဲ
ပုံမှန်အနေအထားဖြစ်ဖြစ်ဆီကိုပေါ့။
ကိုယ်မသေချာတာက
မင်းရဲ့ဝင်သက်ထွက်သက်ဟာ
ကိုယ့်ဝင်သက်ထွက်သက်ကိုပါသယ်ပေးနိုင်ပါ့မလား
မင်းကိုကိုယ်ဆွဲကိုင်ထားပေမယ့်
မင်းကိုလွှတ်ပေးလိုက်ဖို့ကိုယ်အမြဲစိတ်ကူးတယ်။
ကိုယ့်ကိုကိုယ်လည်းပြောပါတယ်
မင့်ပြတင်းကအလင်းဟာ
ကောင်းကင်ဘုံရဲ့အလင်းမဟုတ်တာ
ဒါပေမယ့်ငါးတွေဟာအခန်းထဲကူးဝင်ကုန်ကြပြီလေ
ပြီး ဟောဒီစကြဝဠာရဲ့စက်ဝိုင်းထဲမှာ
တောက်ပနေတဲ့စကားသံတွေဟာ
သံပုံးဟောင်းတွေထဲအသံတွေဝင်မြည်ကြတယ်
သမုဒ္ဒရာရဲ့ကိုယ်ပိုင်အပေါစားအခန်းငှားဂေဟာထဲ။
ဒီနေရာကလွဲလို့အခြားအရပ်သွားဖို့
သိပ်နောက်ကျသွားခဲ့ပါပြီလေ။
မင့်လက်နဲ့ကိုယ့်လက်ဟာအရွယ်အစား
အတူတူနီးပါးပါပေါ့လား။ ။
ဩစတြေးလျကဗျာဆရာ Peter Boyle ရဲ့ Marriage
(CALYX 30 Contemporary Australian Poets)