ကဗျာအကြောင်း ပြောပါတယ် (၅၂)

ကဗျာလို့ပြောရင် အနက်စုစည်းမှုဆီ ဦးတည်တဲ့ကဗျာနဲ့ အနက်ပျံ့နှံ့မှုဆီ ဦးတည်တဲ့ကဗျာလို့နှစ်မျိုးနှစ်စား အကြမ်ဖျဉ်းခွဲကြည့်မိပါတယ်။ ပထမအမျိုးအစားမှာရေးသူကအနက်နဲ့အနက်ပြန်မှုကိုချုပ်ကိုင်ထားတာတွေ့ရတတ်ပြီးဒုတိယအမျိုးအစားမှာရေးသူကဖတ်သူကိအနက်ပြန်ခွင့်ပေးထားတာတွေ့ရတတ်ပါတယ်။ ပထမအမျိုးအစားမှာဖတ်သူဟာအတစ်ဆင့်ပဲဖတ်စရာလိုပြီးဒုတိယအမျိုးအစားမှာဖတ်သူဟာတစ်ဆင့်တည်းနဲ့အနက်ပြန်လို့မရတဲ့အတွက် အလုပ်ပိုလုပ်ရပါတယ်။ ဒီမှာပဲ(ဖတ်ရ)လွယ်တဲ့ကဗျာနဲ့ (ဖတ်ရ)ခက်တဲ့ကဗျာဆိုတာဖြစ်လာပါတော့တယ်။ ခက်တယ်ဆိုတာကတစ်ကြိမ်တည်းဖတ်ပြီးရေးသူပြဌာန်းထားတဲ့အနက်ဆီတန်းမရောက်လို့ပါပဲ။ ဒါဟာလည်းကဗျာပေါ်သဘောထားနဲ့ကဗျာဖတ်ခြင်းအလုပ်ဆိုင်ရာလက်တွေ့တို့နဲ့ မလွဲမရှောင်သာပတ်သက်နေပါတော့တယ်။ တစ်ခါဖတ်ကဗျာနဲ့ကျင့်သားရပြီးအဲဒီ(တည်ဆောက်ယူခဲ့ရတဲ့)အကျင့်ကိုပဲ အမှန်လို့အစွဲဖြစ်တတ်ကြပါတယ်။ ကဗျာဆိုတာရေးသူရဲ့အတွေ့အကြုံကိုဖတ်သူကရရှိတယ်ဆိုတာနဲ့ကဗျာဆိုတာဖတ်သူကတည်ဆောက်ယူရတာ၊ ကဗျာဖတ်ခြင်းကိုယ်တိုင်ကအတွေ့အကြုံတစ်ခုကိုတွေ့ကြုံနေရတာ ဆိုတဲ့ခြားနားချက်။ ရေးသူကကောဘာဖြစ်လို့အနက်စုပန်းတိုင်နဲ့ အနက်ဖြာပန်းတိုင်ရွေးသလဲဆိုတာကတော့ အဆိုပါရေးသူရဲ့ပုဂ္ဂလိကကဗျာဗေဒတည်ဆောက်ထားချက်နဲ့ပဲဆိုင်ပါတယ်။ ဒီဘက်ပိုင်းမှာအနက်ဖြာမှု၊ အနက်ပျံ့နှံ့မှုဆီဦးတည်ရေးလာနေကြတာကို ပိုမိုတွေ့ရှိရပါတယ်။

စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။

ဇယလ
၂၆ ဇွန် ‘၁၉

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>