ပြင်ပဟာရှင်းလင်းတယ် အတွင်းနဲ့
နှိုင်းရင် ရောက်ရှိလှိုင်းအစ အထူးသဖြင့်
မအားနေတုန်း
ရုန်းမရ ကာလတစ်ခုနဲ့
စိတ္တတစ်ခုကြား အဲဒီမှာ အဲဒီဟာ ဟာ
ဟာခြင်းနဲ့လာတယ် ဟာ လာတယ်
အိမ်တွင်း/စိတ်တွင်း/(အချို့က’နာမ်တွင်း’လို့)
‘နတ်တွင်း’ ??? လျှပ်ကနဲဆင်း
သဘာဝအားဖြင့် ‘လိပ်ပြာ’
ပုံသဏ္ဍာန်အားဖြင့် အနိစ္စ
မောဟိုက်အရှိုက် တစ်ချက် အဝါစိမ်းစိမ်း
ရောက်လာသလား ဇာတ်ဆောင် ဥအိပ်ရည်ရွှဲနစ်
ဘာကိုသတိရလိုက်ရ လမ်းပေါ်ကျတဲ့နေ
ဘတ်စ်ကားလာပြီတက် မနက်ကပဲပြုတ်ထမင်း
စစ်အတွင်းမှာလည်းချစ်တင်းနှောကြသလိုပါပဲ
နဘေနဲ့ရောရောယောင်ယောင်
နာမ်သကာရည်နဲ့ နှီးနှီးနွယ်နွယ် အနီးတဝိုက်
လိပ်ပြာလှုတ်ခတ်ဖြစ်ပွားမှု
အို…လ,ပြာရယ်….
ဇယလ
၁၃ ဇွန် ‘၁၉