သာမိုင်းခမ်းက ဘာပြောမလဲ

ပိုက်ထဲရောက်နေတဲ့လက်တွေအများကြီးပဲ သူတို့ဟာအကာအကွယ်မပေးနိုင်ကြ
ပိုက်ထဲရာက်နေတဲ့လက်တွေဟာအများကြီးပဲ သူတို့ဟာသူတို့ကိုသူတို့မကာကွယ်နိုင်ကြ
ပိုက်ထဲရောက်နေတဲ့လက်တွေအများကြီးပဲ
ခုတ်ဖြတ်ပြီးပိုက်ထဲပစ်ထည့်ထားတဲ့လက်တွေကို
လက်ပိုက်ကြည့်နေသူတွေအများကြီးပဲ

ပိုက်ထဲကဘာတော့လ်တ်ဘရက်က်တွေ
ပိုက်အပြင်ကတယူသံအာဏာရဲ့ဆွာစတီကာတွေ

ဒီပိုက်ကိုဘယ်သူထွေးပွေ့ထားမလဲ
သွေးရဲသံရဲလက်တွေရဲ့နိုင်ငံတော်ရင်ခွင်ပိုက်
ဒီပိုက်ကိုဘယ်သူထမ်းပိုးထားမလဲ
ဦးနှောက်နဲ့ကိုယ်နဲ့အိုးစားခွဲထားတဲ့အ,ကာလရင်ပြင်ပိုက်
ဒီပိုက်ကိုဘယ်သူသယ်ဆောင်ယူသွားမလဲ
တိုင်းပြည်တစ်ခုလုံးကိုသွေးအလိမ်းလိမ်းခုတ်ပိုင်းထားတဲ့
လမိုင်းမိုက် ရိုင်းခိုက် သမိုင်းဆိုးရဲ့ပိုက်

ဒီပိုက်နဲ့ဘယ်သူဓားထိုးခံမလဲ
လူမိုက်မို့ဓားဆွဲရာလား
လူယဉ်ကျေးမို့ကျောခိုင်းရာလား

ပိုက်ထဲတဆတ်ဆတ်လှုပ်နေသေးတဲ့
ငြိမ်းချမ်းရေးတက်တူးနဲ့လက်မှာ
ခင်္ဗျားနာမည်ထိုးထားတာမဟုတ်ဘူးလား

မြန်မာနိုင်ငံပိုက်ကျော်ခြင်း
ဒါဟာမှန်းစရာမလိုတဲ့ လာစမ်းမုချရွှေတံဆိပ်ပဲ

မြန်မာ့ရိုးရာ
မြန်မာ့အစဉ်အလာ
မြန်မာမှုမြန်မာအထာ
ဘုရားဒကာနဲ့ရွာစားတို့လက်ဆွဲနှုတ်ဆက်
ကတုံးဆိုးနဲ့ဗုံးမျိုးတွေအသေဝဏာစ
သန့်စင်သာသနာရံဘာလာနံတွေ…

လက်တိုလက်တောင်းခိုင်းဖို့ကလေးတစ်ယောက်ပေါ့
စင်ရဲ့ကန့်လန့်ကာနောက်အမှောင်ထဲခလုတ်တိုက်
သူ့ခြေတစ်ဘက်ကိုရေခဲခဲလိုအေးစက်
လက်ချည့်သက်သက်တစ်ဘက်က
မေလမှာဥပုသ်ရာသီထဲ
လှမ်းဆွဲလိုက်သလိုကျောချမ်းသွားတာဥဒါန်း
သူအရွယ်ရောက်လာတဲ့အခါ
သမိုင်းဆိုတာကိုသူလည်းသိရမှာပါလေ

ယန္တယားစက်ထဲစန္ဒယားလက်တွေ
ထိုးသွင်းလိုက်ပြီလား
ကမ္ဘာမကြေ
ဘုရားပုထိုးတို့တိုင်းမှာ
တရားစိုးမိုးမရအရိုင်းအစိုင်းတွေ
တုံးမောက်ခေါက်သံကြေးစည်သံနဲ့
အလှူရေစက်လက်နဲ့မကွာ
ဒါနကုသိုလ်လက်ချင်းယှက်လို့
လက်နဲ့ရက်တဲ့ထိုပိုက်ထဲမှာ
လက်လိုလက်ရခုတ်ပိုင်းခြင်း

ဟိုဘက်ပိုက်လည်းသပြေညို
ဒီဘက်ပိုက်လည်းသပြေညို
ဘယ်ဟာသွေးစိမ်းပိုရှင်သကို

ပိုက်ထဲကလက်တစ်ဘက်ရဲ့
လက်သီးစုပ်ကိုဖြည်မရသလို။ ။

ဇယလ
၁၆ မေ ‘၁၉

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>