စကားတွေရှာမရကိစ္စဟာ
ဘယ်လို ယို့မိယာကြောင်မကြီး
(သိပ်ချစ်ဖို့နဲ့သိပ်မုန်းဖို့ကောင်းတာတစ်ထပ်တည်း)
မနက်၎နာရီကျော်မှာနှစ်မရှည့်
တရှည်(ဘယ်သူကကောတွက်ချက်နိုင်မလဲ)
ဘဝကိစ္စမကူးခင်အော်ခဲ့တာ
ဦးနှောက်သွေးကြောပြတ်တာကိုမသေစေရဘူး
ရအောင်ကုမယ် အသံမထွက်ပေမယ့်
သူကြိုက်တဲ့ချဲလ်စီးဂိုးသွင်းတော့ပြုံးတယ်
နာ့်စ်မဖင်နဲ့မိန်းမဖင်ခွဲခြားတတ်ခဲ့တယ်
သေတော့လည်းအာရှတော်ဝင်မှာသူ့အသံ
အော်တာမှယုံကြည်မှုအားလုံးကြွေ
ဘဝဆိုတာဒေါင်ခြာလည်
ကြားတာပေါ့မအိပ်ခင်နဲ့အိပ်ခြင်းကြားမှာ
မသေချင်သေးဘူးမသေချင်သေးဘူး လို့
ကြွေတာပေါ့သိမှုအကုန်လုံး
နေတာပေါ့သိမှုတွေလည်ဆယ်တုန်း
အော်ပြီးတိတ်သွားတာကြားတာပေါ့
ရေဝေးကအပြန်နေခဲ့လို့ပြောခဲ့ပေမယ့်
ကားတံခါးဟာဘယ်လိုမှပိတ်မရခဲ့
သူရဲဘောကြောင်ခြင်းငါငိုတာပေါ့
ဘာအတွက်မှအကျိုးမရှိတဲ့ငါ့မျက်ရည်
ငိုလိုက်တာပဲရှိတာပေါ့
ငိုခြင်းဟာအသက်ထွက်ခြင်းလောက်တန်ဘိုး
ချစ်သောယို့မိယာ
ငါ့ (ငါစာလုံးမပေါင်းတတ်တဲ့သက္ကာရဓိဌိနဲ့ချစ်လွန်းလို့) ငါဘာတွေပြောနေမှန်း
မသိ
သူ့နောက်ဆုံးအရှုံးမပေးသံ
ငါကြားယောင်နေမိ(သူ့နောက်ဆုံးအော်သံကြီး)
ချစ်သောကြောင်မကြီးသခင်မကြီးယို့မိယာ
ငါ့ရုပ်နာမ်ခန္ဒာထဲမှာမင်းရှိနေပါသေး၏
ကူးခြင်းကိုငါမသိ ရှိနေပါသေး၏
ဘာကိုမှငါမသိ မင်းရှိပါ၏
ယို့မိယာ
သူ့စိတ်နဲ့သူနေပြီး
ချစ်ခြင်းကိုမယူခဲ့တဲ့ငါချစ်ခဲ့သောငါ့ကြောင်မကြီး
သခင်မကြီးယို့မိယာ(ချစ်သောယောက္ဖကြီးရာ)
မင်းရှိပါ၏
ဇယလ
၂၇ ဂျူလိုင် ‘၁၈