စက်လှေခါးနဲ့
တက်လေ… နွားရဲ့
ဘာစမြုံ့ပြန်နေတာလဲ
မြို့တွေရွာတွေဟာ
လမ်းဆုံမြို့ပြဆီ ရောက်ခဲ့ပြီ
အဝတ်လဲခန်း ကျဉ်းကျဉ်းလေးထဲ
မှန်ထဲပေါ်တာကို
မဝံ့မရဲ
ကြည့်ပြီး
ခေတ်ဟာ အကုန်ချွတ်ချလိုက်တော့တယ်
ဝတ်လိုက်တဲ့အသစ်လေးရဲ့ အနံ့ဟာ
နိုင်ငံခြားဖြစ်
မွှေးအီ
တန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ
ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ
လွယ်သည်ဖြစ်စေ ခက်သည်ဖြစ်စေ
ငွေနံ့ဖြန်းမှ အနေသန့်လန်းတာ
အဘိဓမ္မာ မဲ့ရင်မဲ့
အရှိဟာ အတွေ့ပဲ
အငွေ့ဟာ အကြုံပဲ
အယုံဟာ ခံစားပဲ
လန်ချားတွေ ဂန်ဖလားတွေ အမှန်တရားတွေ
သံတမန်စကားတွေ
တစ်နေ့ဒလန် ဓမ္မံဘယ်မရွေ့ ဒဏ်ဓလေ့
အို.. အမေ့
အိမ်မှာရှိတဲ့မှန်ထက် ပိုမှန်တဲ့
အိမ်သာနံရံကပ်
မှန်မှာ
ဆယ်လီဇာတ်လမ်းဖန်တွေအတွက်
ဆယ်လ်ဖီဓာတ်စခန်းဖမ်းသွားဦး
ရုန်းရတာချင်း အတူတူ… နွားရဲ့
မြန်မာ့လှည်းကျိုး ထမ်းသွားဦး။ ။
ဇယလ
၁၈ မေ ‘၁၈