နွေပြီးရင်မိုးလို့တော့အရပ်စကားရှိတာပဲ

‘အငွေ့ပျံလွယ်သော’တဲ့။အဲဒီစကားလုံးထဲကနေပျော်ရွှင်မှု
စိတ်ဆတ်ဆတ်နဲ့ငေါထွက်လာမလား
အရေပြားထဲကကမ္ဘာကြီးထဲထွက်ကြည့်ချင်တဲ့အရိုးလို
မိမိတို့ထွက်တတ်ချင်တဲ့နာကျင်အချိန်ပိုအသံလို

တစ်လိပ်မှမကျန်တော့တဲ့ဆေးလိပ်ဗူးခွံထဲ
သမိုင်းမဖြစ်သေးတဲ့အစအနတစ်ခုခု
ရိုရိုသေသေထည့်သိမ်းပြီးအမှုမဲ့အမှတ်မဲ့
လွှင့်ပစ်လိုက်မိသလို
ရတာပဲမဟုတ်လားမလိုချင်လည်းအစွယ်ရာတွေ
အသစ္စက္စက္အက်ႌျဖဴေလးဝတ္ဆင္ထားတဲ့
သံချိတ်တွေ
ကိုယ့်နာမည်ကိုယ်ပြောပြချင်ပါတယ် ပြီး
ဘယ်တော့မှပြန်မလာချင်တော့ဘူး


အရပ်သားကိုလည်းရဲကပစ်ခတ်တာပါပဲ
သံသယကိုအကြမ်းဖက်ဆက်ဆံပြီး
မနက်ဖန်မှာအရာရာဟာအစားထိုးမှုအသစ်တွေထဲ
ပုံမှန်နေ့စဉ်သွားလာနေခြင်းကိုယ်တိုင်ဟာအန္တရာယ်ပဲ
တစ်ယောက်မဟုတ်တစ်ယောက်မဟုတ်ရင်အုပ်စုလိုက်
အံ့ဩဘွယ်ရာဖြစ်ရသေးတာပဲသေသွားလိုက်ကြတာ
ကြေကွဲမှုထဲဆားခတ်လိုက်တဲ့မျက်ရည်ပျက်သတင်း
အပြင်မှာရောအတွင်းမှာပါနေထိုင်မှုဒဏ်
အလံတလူလူ မီးခိုးလုံးကြီးတထူထူ
ပဋိသန္တာရအပြုံးကြီးမေးရိုးမှာပြုတ်ကျလုတအူအူ


ပျော်ရွှင်မှုအများကြီးရှိလို့ဝမ်းနည်းစရာဖြစ်တတ်ပေမယ့်
ဝမ်းနည်းစရာအများကြီးရှိရင်ပျော်ရွှင်မှုဖြစ်တတ်သလား
ကျားကုတ်ကျားခဲကျားရဲတွင်းထဲမှာပဲဆန့်ကျင်မာန်ဖီ
ဇာတ်လမ်းတွေဟာပြန်ပေါ်လာတယ်ဆူးချိတ်တွေနဲ့
စိတ်နာယဉ်ကျေးမှုရဲ့ရွှန်းမှည့်သစ်သီးတွေ
ဖြစ်သင့်တာကိုရိုက်လွှတ်ပြီးဖြစ်နေတာထဲလက်ကျွံမိ
အသက်ရှူမှားရင်းနဲ့ပဲရှူစရာအသက်တဖျဉ်းဖျဉ်း
အရေပြားကိုအစိမ်းကြီးဆွဲခွာလိုက်သလိုနိုးထသွားတာ
တိုင်းပြည်ရဲ့ကံကြမ္မာပဲလားပြည်သူ့ဝဋ်ကြွေး
အရာခပ်သိမ်းဟာသူ့အသွေးနဲ့သူဆူးခြုံထဲ
ပကတိအတိုင်းကျိုးပဲ့နေတဲ့ခန္ဒာတွေ စိတ်ခြင်တွေ


‘ခါးသက်ချိုမြိန်’လို့ဆိုချင်သလား
စိတ်ကူးကြည့်မှသိရမယ်ဆိုလည်းခါးသက်လက်စနဲ့ဆက်
ဖျော်ဖြေမှုခဏပါပဲချိုမြိန်တယ်ဆိုတာအနာကိုဘိန်းကျွေး
တကယ့်အရှိတရားရဲ့အရသာထဲစမြုံ့ပြန်ကြရတာပဲ
ဗဟိုချက်ကိုအချစ်ကဖျက်နိုင်သလား
နယ်နိမိတ်တွေမရွေ့သည့်တိုင်ဖျောက်ဖျက်နိုင်သလား
ဟာကွက်ထဲထိသိသတိခံစားမိနေတာအချစ်လား
အချစ်ရဲ့ဟာကွက်ထဲနာကျင်မှုဝင်အကြမ်းဖက်တာလား
စိတ်တွေမြင့်မားလာစေမယ့်မျှော်လင့်ချက်ရဲ့ဝန်ထုပ်
ကိုယ့်အတွက်ကိုယ်ကျေနပ်စရာလုပ်မိတာဘာတစ်ခုခု
ဒီထက်မကရှိနိုင်စရာဖြစ်နိုင်စရာတစ်ခုခုဘာ
နှစ်ခြမ်းကိုငါးစိပ်ခွဲဆားသိပ်ညီညွတ်မှုပဲလား
ရှာရဖွေရခက်ခဲမှုထဲခက်ခက်ခဲခဲရှာရဖွေရမှု
မရှာမဖွေလည်းရလာတတ်တဲ့အမှု
ကျိန်းစပ်သွားတဲ့မျက်လုံးကနေနှလုံးထဲလျှော့က်ရိုက်မှု
မိမိတို့အကြောက်တရားရဲ့ဖုံးကွယ်မရစစ်မှန်မှု
နဲ့အတူ
သေလုမျောပါးအချစ်တစစ်စစ်ကိုက်ခဲအိပ်ရာဝင်မှု။ ။

ဇယလ
၇ မေ ‘၁၈

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>