တစ်နေရာမှာ စစ်ဖြစ်နေတာ သေချာတယ်နဲ့
တကယ်တမ်း ချကြမယ်ဆိုတော့ သူမ
ရာသီအခဲလိုက်လာနေတယ် ရဲနေတာပဲ
စစ်သည်တွေ တရဲရဲ ရဲတွေတရဲရဲ
ဘယ်သူမှန်တယ်မှားတယ်ဟာ စုပ်ပစ်လိုက်တဲ့
ရင်သီးတွေပေါ် ရွာတွေမီးရှို့ဆိုလား
သူမရဲ့လျှာကို စုပ်ငုံထားခြင်းဘယ်နှစ်ကြိမ်
အစိုးရကတစ်မျိုး ကုလကဝှေးစေ့တဂျစ်ဂျစ်ကုတ်
ကုလားအုပ်က ဖုတ်ထဲကနေ မူလကျီသွန်ကျီ
ရယ်ပြလိုက် ငိုပြလိုက် ဆန္ဒပြလိုက်
ဟိုဘက်လှည့်ဒူးထောက် သိတယ်မလား ဒေါ်ဂီ
ရွှီးကနဲ ဒိုင်းကနဲတွေနဲ့ ပက်လက်လန်လဲကျနေတာတောင်
ဓာတ်ပုံထောင်ရိုက်နေလို့ ဖြတ်ပြေးသွားတဲ့ စစ်သားက
အငုံ့စိတ် ဖင်ထဲအဆုံးထိ ထိုးထားပြီး
အနီးကပ်ကျည်ကပ်တစ်ကပ် ဖြုတ်ထည့်လိုက်တယ်
အဖြူအစိမ်း ၉တန်း ၁၀တန်းကျောင်းသူတွေကို ‘ကွန်မြူနစ်’တွေဆိုပြီး
ချင်းအမည်ခံတပ်တစ်တပ်ကို ကျွေးလိုက်တာ
ဩော် မင်းကလည်း ဘယ်ခေမတုန်း စစ်ပွဲတရုန်းရုန်းကြား
စစ်မီးလျှံဟီသံကြီးနဲ့ ငါ့ကိုမင်းရေမြေ့သနင်းလိုခွစီး
မင်းကိုမင်း အပြီးဒုန်းစိုင်းမောင်းနှင်
သခင်မျိုးဟေ့ဒို့ဗမာ ဩဂက်ဇင်မ်အတူလာကြမည်
လွတ်လပ်တဲ့ ငါတို့ပြည် ငြိမ်းချမ်းတဲ့ ငါတို့ပြည်
ပြီးကာနီးလေးမှာ ဖင်ကလေးကော့လို့
လက်ချောင်းနှစ်ချောင်းပါ မျိုးချစ်စိတ်ဓာတ်နဲ့
နာနာထိုးသွင်းပေးလိုက်ပါ
လာပါပြီ အမလေး လာနေပါပြီ တိုက်ပွဲပျော်ကြီး လာနေပါပြီ
တိုက်တိုင်းအောင်ကြီး လာနေပါပြီ
ရန်မျိုးသိမ်းကြီး လာနေပါပြီ
ဖင်ကြီးကို ဆောင့်ဆောင့်ချပြီး နာဂစ်ကြီးလည်း ၁၀ချည်ပြီးလို့ လာပါပြီ
အပျိုရည်မို့ သွေးချင်းချင်းနီ ဂျင်းထည့်လိုက်ပါပြီ
ကမ္ဘာမကြေ ဗမာပြည်
ဒို့ဘိုးဘွား အမွေအနှစ်မို့ ဒို့ပိုင်စိုးသည်
အောင်ပြီ
ဟူးရား ယောရောယှိ ယောရောယှိ။ ။
ဇယလ
၆ မေ ‘၁၈