ယဉ်ကျေးမှုကူးလူးဆက်ဆံမှုဟာပုဂံခေတ်ကတည်းကနေဒီနေ့အထိရှိပါတယ်။ယုံကြည်မှုဗေဒကအစ၊နံရံပန်းချီ၊ရုပ်ထုတွေ၊’ယိုးဒယား’အပါအဝင်အလယ်၊ဝတ်/စားဆင်ယင်မှုနဲ့ ဘာသာစကားအဆုံး။
မနုဿဗေဒကိုမသိချင်ယောင်ဆောင်ပြီးသမိုင်းကိုကိုယ့်ကိုကိုယ်ရွှေရောင်သုတ်ရွှေမှုန်ကြဲတာကတော့အကျိုးအမြတ်ကိစ္စပေါ့။အောင်နိုင်သူများဓားမိုးရေးတဲ့ဇာတ်လမ်း(တွေ)ပေါ့။အာဏာသုံးတည်ဆောက်ချက်တွေပေါ့။
“မြန်မာ့ယဉ်ကျေးမှု” မှာ တိုင်းရင်းသားယဉ်ကျေးမှု ဘယ်လောက် ဘယ်လို ပါသလဲ။
‘မြန်မာရနံ့’ ဟာ တစ်ဘက်ကကြည့်ရင် အမျိုးသားရေး၊အခြားတစ်ဘက်ကကြည့်ရင် လူမျိုးကြီးဝါဒကိုမသိမသာ(သို့) သိသိသာသာဖုံးကွယ်
ထားတာ။အခြားတစ်ဘက်ကကြည့်ရင်ဇီနိုဖိုးဗီးယားပဲ။
တစ်နိုင်ငံလုံးရဲ့အငုံ့စိတ်ပေါ့။
သိစိတ် ဟာ သိနေတဲ့စိတ် consciousness… သိမှု ဟာ ဗဟုသုတလောက world of knowledge…လူတစ်ယောက်ရဲ့သိမှုဟာ သူ့ရဲ့ သိမှုစပေ့စ်။
သိမှုဟာသိစိတ်နဲ့ဆက်စပ်နေပါတယ်။
မသိစိတ်နဲ့လည်းဆက်စပ်နေပါတယ်။
သိမှုကျယ်ပြန့်မှုအတိုင်းအတာအရ သိစိတ်ရဲ့မသိစိတ်ပေါ်တက်နင်းထားမှုအချို့အလင်းထဲဝင်ခွင့်ရပါတယ်။ (တစ်ချိန်တည်းမှာလည်း တက်နင်းချုပ်ချယ်မှုအသစ်တွေပေါ်လာမှာပေါ့)။
ကဗျာကုန်ကျယ်သရွေ့ဘယ်မှာဘယ်လောက်
လိုက်ကျယ်နိုင်မလဲလို့မေးချင်တာလားမသိတော့ပါဘူး။
အောင်မြင်စွာအလံထူစုရုံးခြင်းဟာ ကျယ်ပြန့်နက်ရှိုင်းတဲ့ဖြစ်စဉ်ကြီးရဲ့အပေါ်မှာထင်ရှားတဲ့
အမြှပ်တွေလား။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။
ဇယလ
၆ မေ ‘၁၈