ဘာကုန်စည်မှပါမလာတဲ့
အလုံပိတ်ကွန်တိန်နာကားတစ်စီးပြီးတစ်စည်း
ပြီးဟိတ်ဟန်ကြီးစွာ…
ပျားသေးသေးလေးတစ်ကောင်ရဲ့
ကိုယ်သေးသေးလေးပေါ်မှာမှ
ဝတ်မှုန်တွေပါရင်ပါလာဦးမယ်
ဆိပ်ကမ်းမှာလာဆိုက်ကပ်တဲ့သင်္ဘောကြီးတွေဟာ
ညရဲ့သမုဒ္ဒရာတွေကိုကူးခဲ့ကြတာကွဲ့
ပြီး သူတို့ဟာသူတို့ရဲ့
သမုဒ္ဒရာရဲ့တောင်ကြောတွေ
ချိုင့်ဝှမ်းတွေ ရှေးသိစိတ်တွေထဲရဲ့
တီးတိုးခေါ်သံတွေဆီ…
ပင်လယ်ဇင်ယော်တွေဟာ
ဆူဆူညံညံနဲ့ အစာလာလာတောင်းကြတယ်
လေဟုန်စီးကြတယ်
ကမ်းနားမှာပဲအုပ်ဖွဲ့အောင်မြင်ရှင်သန်ကြလေတယ်
ရံဖန်ရံခါ
ကံဖန်ကြံဖန်ပြီး
အတွင်းစကားဟာအပြင်မှာ
ကဗျာတွေဘာတွေဖြစ်လာတယ်
ဝတ်ရည်ဟာကမ္ဘာကူးဖို့
ပျားလေးတွေကိုမြှူစွယ်ခဲ့တာပေါ့….
ဇယလ
၁ မေ ‘၁၈