ဘာရာဏသီမွေးဖွားစကို ငါ
ထိုင်ကြည့်နေတယ်
ဘာဘီလုံမြစ်ဘေး ငါ
သူ့ကို ပုခက်လွှဲခဲ့တယ်
ဧရာဝတီလား
အုအူဝဲလေးကို ငါ
ချော့မြူခဲ့တယ်
ငါဟာ သိပ်အိုမင်းနေပြီး
ကလေးပါ
ကမ္ဘာကြီးကို လင်းတစ်လှည့်
မှောင်တစ်လှည့် ငါ
လွှဲနေတာပါ
ငါဟာ ငါလည်း ဖြစ်တယ်
ငါဟာ အသင်လည်း ဖြစ်တယ်
ငါဟာ ဘာသာစကားလည်း ဖြစ်တယ်
ငါဟာ ဘာသာစကားကို ဘုန်းမီးနေလတောက်စေသူ
လည်း ဖြစ်တယ်
ငါဟာ သင့်အဲဒီအထိထဲ လောင်မြိုက်နေတဲ့
မီးကျီခဲလေး ဖြစ်တယ်
တွေ့အောင်ရှာ မတွေ့စေရဘူး
ငါလာရင် သင်သိတယ်
ငါ့ကို သင်ငြင်းပယ်လိမ့်မယ်
သင့်လက်သည်းခွံမှာ လိုင်းတွေပေါ်ပြီလား
သင် နှလုံးခုန်စပြုပြီလား
သင် ငါ့ကို တွေ့ချင်လို့နေပြီလား။ ။
ဇယလ
တနင်္လာ ၉ ဂဏန်းဧပြီ ‘၁၈ ( အပေါင်း ၉)