ဘုရားသခင်က သူမကို ဓာတ်ပုံအမြဲရိုက်တဲ့အတွက်
သူမကိုယ်သူမ အမြဲလှလှပပ နေနေရတာပါလို့ ပြောတဲ့
ကေသီ ဒဲဂင်န်တက်ရှ်ကို ကျွန်တော်ကြိုက်တယ်
သူမကို ပိုက်ဆံတွေပေးလို့ ဘုရားသခင်ကို ချစ်တဲ့
ကေသီ ဒဲဂင်န်တက်ရှ်ကို ကျွန်တော်လည်း ချစ်တယ်
တစ်ည သူမရဲ့ခြံနောက်ဖေးကနေသူမကို
ချောင်းကြည့်နေတဲ့ဘုရားသခင်ကိုမြင်လိုက်မိတဲ့
ကေသီ ဒဲဂင်န်တက်ရှ်ကိုကျွန်တော်ချစ်အားပိုတယ်
ပိုက်ဆံပြုလုပ်တတ်တဲ့၊ဥဥတတ်တဲ့၊မူးရင်ရန်ရှာတတ်တဲ့၊
အမြီးကအမွေးအမင်တွေလှုပ်ခါအောင်ကတတ်တဲ့
ဘုရားသခင်ကို ချစ်ရတဲ့ ကေသီ ဒဲဂင်တက်ရှ်ကို
ကျွန်တော်လည်းချစ်တာပေါ့
ဘုရားသခင်ကိုအရိုးသေးသေးလေးတွေချကျွေးတဲ့
ဘုရားသခင်ကိုသူမရဲ့လျှာပေးကိုက်တဲ့
ဘုရားသခင်ကိုသူမရဲ့ဖွေးအုဖွေးနုနေတဲ့
ခြေဖမိုး ဖဝါး ဖနောင့်နဲ့ ခြေချောင်းလေးတွေပါပေးစုပ်တဲ့
ကေသီ ဒဲဂင်တက်ရှ်ကို ကျွန်တော်အရမ်းချစ်တယ်
ကေသီ ဒဲဂင်န်တက်ရှ်ကဒိုင်နိုဆောကို
ပလပ် လို့လျက်လိုက်ပြီး ဒိုင်နိုဆောဟာဘုရားသခင်ကို
ပလပ် လို့လျက်လိုက်ပြီး ဘုရားသခင်ကကျွန်တော့်ကို
ပလပ် လို့လျက်လိုက်ပြီး ကျွန်တော်က မမကေသီ
ဒဲဂင်န်တက်ရှ်ကို ပလပ် လို့လျက်လိုက်တယ်
ကျွန်တာ့်လျှာပေါ်မှာရော ပါးစပ်ထဲမှာပါ
အမွေးတွေပေါက်နေတဲ့ပိုက်ဆံတွေကပ်ပါလာတယ်
ကေသီ ဒဲဂင်န်တက်ရှ်ရဲ့ယောနိနဲ့ပုံစံတူပြုလုပ်ထားတဲ့
ဘုရားသခင်ရဲ့ဥတစ်လုံးပါလာတယ် သူမရဲ့ပေါင်ကြားက
ရေခဲမုန့်ကိုကြိုက်တဲ့ဘုရားသခင်ရဲ့အဆိပ်အိပ်ထဲက
ကျောပျော့ပျော့တွေပါလာတယ်
ကျွန်တော့်ခေါင်းကိုသူမရဲ့လက်နှစ်ဘက်နဲ့ကိုင်ပြီး
သူမရဲ့ယောနိထဲကဘုရားသခင်နဲ့မိတ်ဆက်ပေးတဲ့အတွက်
ကေသီ ဒဲဂင်န်တက်ရှ်ကို အချစ်ကြီးချစ်မိပါတော့တယ်
ကျွန်တော့်ကိုယ်စား ဟုတ်ဟုတ်မဟုတ်ဟုတ် ဘုရားသခင်ဟာသူ့ကိုယ်သူ ပိတောက်တွေမြိုင်နေအောင်
ပွင့်ချပစ်လိုက်တဲ့အတွက်လည်း ကေသီ ဒဲဂင်တက်ရှ်ကို
ကျွန်တော်မျိုးချစ်စိတ်ဖြိုးမောက်ရပါကြောင်း။ ။
ဇယလ
သောကြာ ၆ ဧပြီ ‘၁၈