ပျောက်သွားတဲ့ ကြောင်လေးကိုရှာဖို့ အဖော်ခေါ်တယ်။
နောက်ပိုင်း ကြောင်ကိုရှာဖို့ထက် ဆော်ဖို့က များပါတယ်။
ပျောက်သွားတဲ့ကြောင်ကိုတော့ ဒီနေ့အထိ
ပြန်မတွေ့ကြသေးဘူးပေါ့။
စကတည်းက အဲဒီကြောင်ရှိမရှိ မေးလည်းမမေးတော့။
ပျောက်သွားတဲ့ကြောင်အစား
သူတို့ကြားမှာ ကြောင်တစ်ကောင်ကို တွေ့ရှိပေါ့။
မပျောက်မချင်း ကြောင်တစ်ကောင်လို ချစ်ကြပေါ့။
ပျောက်သွားတဲ့ကြောင်လည်း ပြန်မလာစေနဲ့တော့။
ဇယလ
တနင်္လာ ၁၂ မတ် ‘၁၈